Wednesday, February 18, 2015

၂၀၁၄ ခုနှစ် ဓမ္မဒါန ကုသိုလ်ရှင်များ သို့



၂၀၁၄ ခုနှစ် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ လ
 အတွင်းလှူဒါန်းပါဝင်ခဲ့ကြသော ကုသိုလ်ရှင်များအား
အနုမောဒနာ နှင့် ဓမ္မဒါန မှတ်တမ်းလွှာ ။
ပါချုပ်ဆရာတော်ကြီး၏ လူဖြစ်ကျိုးနပ်ပါစေ 
တရားတော် စာအုပ်တို့ကို ပြန်လည် မျှဝေပြီးဖြစ်ပါကြောင်း

ကုသိုလ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ။

၂၀၁၄ ခုနှစ် ၁၀ .၁၁.၁၂ လှူဒါန်းမှု အနုမောဒနာ မှတ်တမ်း













ဓ မ္မ ဒါ န

 "ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၃)"


★ မေတ္တာက သူတစ်ပါးအကျိုးလိုလားတာ သူတစ်ပါးအကျိုးဆောင်ရွက်ချင်တဲ့စိတ်။
ချစ်တာလို့ ဘာသာမပြန်နဲ့ (love) လို့မပြောနဲ့ (Pure love )
(or) (Lovigkindness)(or)(Univer
sal Love) ဒီလိုပြန်ပါ။ကရုဏာက ဒုက္ခရောက်သူတိုင်းကိုကူညီစောင်ရှောက်မယ်ဆိုတဲ့ စိတ်ဓာတ်။
ထိုဒုက္ခကိုဖယ်ရှားပေးမယ်ဆိုတဲ့ စိတ်ဓာတ် (Felling for other Suffering)။
သဒ္ဓါဆိုတာ (Confidence) ပဲတိုက်ရိုက်ကိုယ်နှုတ်စိတ် သုံးပါးလုံးရဲ့
စွမ်းရည်သတ္တိကိုအသုံးချတာ။ဒါလုပ်ရင်ဒါဖြစ်မယ်လို့ ယုံကြည်တာ။

★ မိမိရဲ့ ကိုယ်နှုတ်စိတ်ကိုလွှမ်းမိုးနေတာ စေတနာ ဆိုတဲ့တစ်လုံးရှိတယ်။
အဲ့ဒီစေတနာက အလုပ်လုပ်တယ်။ကိုယ်ပေါ်မှာရော နှုတ်ပေါ်မှာရော
စိတ်ပေါ်မှာရော လွှမ်းမိုးထားတဲ့စေတနာ အဲ့ဒီစေတနာပေါ်မှာစိတ်ကထပ်မှီပြီးတော့
စီမံကွပ်ကဲတယ်။အဲ့ဒီစေတနာက အလုပ်တစ်ခုကိုထလုပ်လိုက်တော့ အဲဒါကိုပဲ
0(Action)။သိုသော် စေတနာကဘာနဲ့တွဲလုပ်မှာလဲ။ခုနကပြောတဲ့(၄)မျိုး
သူတစ်ပါးကောင်းကျိုးလိုလားတဲ့ မေတ္တာ။ ဒုက္ခရောက်သူကိုကာကွယ်စောင်ရှောက်
ချင်တဲ့ ကရုဏာ ။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ ယုံကြည်မှုသဒ္ဓါ။ဘ၀ကိုတောက်ပြောင်စေတဲ့
ပညာ တွေပါမယ်။

★ Believe in worship of a God တို့လို ယုံကိုယုံရမယ်
မယုံရင် အပြစ်ဖြစ်မယ်။ယုံရင် စောင့်ရှောက်မယ် မစမယ်ဒီလိုမဟုတ်ပါဘူး။
မြတ်ဗုဒ္ဓကတော့ မိမိရဲ့စေတနာကမိမိကအကျိုးပေးမယ်။ မိမိရဲ့စေတနာ မိမိပြင်လို့ရတယ်။ဘုရားသခင်လည်းပြင် ပေးလို့မရဘူး။စေတနာကမေတ္တာနဲ့တွဲရင်
လောကလူသားတွေကောင်းကျိုးကိုပဲ ဆောင်ရွက်မယ်။စေတနာက ကရုဏာနဲ့တွဲရင်
ဒုက္ခကမ္ဘာ ကူညီစောင့်ရှောက်မယ်။ စေတနာက ပညာနဲ့တွဲရင် အမြင့်ဆုံးပြောရင်
Realistic Nature နဲ့ True Nature ကိုရှာဖွေတာ။ စာလိုပြောရမလား
ပရမတ္ထတရားနဲ့ သစ္စာတရားကိုရှာဖွေတာ။ပညာက အရှိတရားနဲ့အမှန်တရားကိုရှာတယ်
အဲဒါကိုပညာကလုပ်တယ်။

★ ပညာဆိုတဲ့စကားဟာနှုတ်မှာယဉ်နေတယ် ဗမာစကားလုံးထင်နေကြတယ်။
မဟုတ်ပါဘူးဗုဒ္ဓစကားပါ။ "ပ" ဆိုတာ အသေးစိတ် "ညာ" သိတယ်လို့အဓိပ္ပယ်ရတယ်။
(Understand in Detail) ဒီတော့ပညာဆိုတာ အသေးစိတ်မှ ပညာတတ်တယ်။
လုံးထွေးသိရင် ပညာမတတ်ဘူး။ဒီမယ် ဘုန်းကြီးကမေးမယ် ပန်းအိုးထဲက ပန်းကို
ဒါဘာလဲဆိုရင် ဘာဖြေမလဲ ပညာမတတ်တဲ့သူကပြောမယ် ပန်း(flower)ဆိုပြီး။
ဒါဆိုပြောမယ် အားလုံးမြင်နေရတယ် အ၀ါရောင်လေး အ၀ါရောင်ကပန်းလား
(၀ဏ္ဏ)(colour) အရောင်(colour) သည်ပန်းမဟုတ်ဘူး။နမ်းကြည့် အနံ့ရှိတယ်(Smell)
(ဂန္ဓာ) အနံ့ကရော ပန်းလား မဟုတ်ဘူး။ စားကြည့် သူ့အရသာတော့ရှိမှာပဲ
(ရသာ) ရှိတယ် အရသာကရောပန်းလား။အာဟာရဓာတ်လည်းရှိမယ် ပြားတွေစားကြတယ်လေ (သြဇာ) ဟာရကရောပန်းလား။

★ ဆုပ်ကိုင်ပြီးတောထားကြည့် (နွေးလာမယ်)မူကက အေးနေတယ် ဒါဆို
ပူအေး(တေဇော) ကရောပန်းလား။ညစ်ကြည့်လိုက် အရည်တွေထွက်လာမယ်
(အာပေါ) အဲဒါကရော ပန်းလား။ကိုင်ကြည့်လိုက် မာတယ် ပျော့တယ်(ပထ၀ီ)
အဲ့ဒါကရောပန်းလား။စသည်ဖြင့် အသေးစိတ် ရုပ်ဓာတ်(၈)မျိုး ရှိတယ်ဆိုပြီး ဗုဒ္ဓ
ကခွဲပြထားတယ်။အဲ့ဒီ (၈)မျိုးဟန်ချက်ညီရင် ပန်းပွင့်ဟာလန်းစန်းနေမယ် ဟန်ချက်မညီရင်
ပျက်စီးမယ်။ဒီလိုအသေးစိတ်သိမှပညာ။ဒီပညာမျိုးတတ်အောင်သင်ထားကြ။

★ တစ်လံမျှရှိတဲ့ခန္ဓာကိုယ်ထဲမှာ ဒီပညာတွေရှိတယ်တွေ့အောင်ရှာကြ။ရုပ်နာမ် တွေရဲ့
ဖြစ်ပျက်ကို တွေ့အောင်နှိုက်ကြည့် တခုပျက်ရင် အခုတစ်ရာ တစ်ထောင် လောက်အစားတွေပြန်ဖြစ်တယ်။

ရုပ်နာမ်တွေကို သေချာစိုက်ကြည့်
ရုပ်ဘယ်နှမျိုးပေါင်း နာမ်ဘယ်နှစ်ပေါင်းသိရင် ပညာတတ်ပြီး။ရုပ်နာမ် တရားတွေကမမြဲဘူး
ဆိုတာသိတော့ အနိစ္စ။ ဖြစ်လိုက်ကတည်းက ဒုက္ခတွေပဲဖြစ်တော့ ပျက်တော့လည်း
ဒုက္ခတွေပဲ ပျက်မယ် ဆိုတာသိတော့ ဒုက္ခ။ မဖြစ်နဲ့မပျက်နဲ့ဆိုပြီး တားလို့မရ
ထိန်းလို့မရတော့ အနတ္တ။

★ အဲ့ဒီလိုလောကကြီးရဲ့ အရှိသဘာဝ အမှန်သဘာဝကို မြင်သွားပြီဆိုရင်
(Clear Vision) ဖြစ်ပြီ။ ဒီ (clear vision)ဖြစ်မှ Leading to Libration ကိုရမယ်။
ဒီလိုမြတ်ဗုဒ္ဓကသင်ပေးခဲ့တာ။
ဒီဓမ္မကိုမြတ်ဗုဒ္ဓထားခဲ့တာ။၄၅ နှစ်လုံး လုံးမြတ်ဗုဒ္ဓ
မနားမနေလုပ်ပြီးထားခဲ့တာ ဒီဓမ္မပါ။မြတ်ဗုဒ္ဓကိုလက်ခံတတ
်တဲ့ဉာဏ်ရှိတာ
သာသနာတော်မှာသင်လိုတဲ့ စိတ်ရှိတာ ၊ လေ့ကျင့်လိုက်နာလိုတဲ့စိတ်ရ
ှိတာ၊
Learning ရဲ့အကျိုးက Understanding ပဲ အဲ့ဒါတွေစုစုပေါင်းလိုက်ရင်
ပါဠိ လိုပြောရင် ၀ိမုတ္တိ လွတ်မြောက်ခြင်းကိုရမယ်။ဒီလ
ို လွတ်မြောက်မှုလမ်းစဉ်ကို မြတ်ဗုဒ္ဓမှတစ်ပါး ဘယ်သူမှ မပေးနိုင်ပါဘူး။ဒီလို ဓမ္မ ဆိုတဲ့ သုံးလို့မကုန်တဲ့
ကျင့်လို့မကုန်တဲ့ ကျင့်တိုင်း သုံတိုင်း အကျိုးများတဲ့ (Size-effect) လုံးဝမရှိတဲ့
ဓမ္မကို မြတ်ဗုဒ္ဓထားခဲ့တယ်။

ဓမ္မမိတ်ဆွေသူတော်စဉ်များ ဓမ္မကိုလိုက်နာကျင့်သုံးပြီး
ဝိမုတ္တိကို ရှာဖွေနိုင်ပါစေဗျာ။
သာဓု သာဓု သာဓု


                                             (ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး)

၂၀၁၄ ခုနှစ် ၁၀.၁၁.၁၂ သုံးလပတ်အတွင်း ဓမ္မဒါနကုသိုလ်ရှင်များ