Tuesday, March 28, 2017
အဖျားသကာချို အရင်းမှာအဆိပ်​ခါး ပယ်​သတ်​ရမယ့်​တရား ၊ အဂ္ဂမာန်
အဖျားသကာချို  အရင်းမှာအဆိပ်​ခါး 
___________ ပယ်​သတ်​ရမယ့်​ ​တရား
___________________________
မေးခွန်း
_____________
စိတ်​လက်​ချမ်းသာစွာ အိပ်​စက်​ရဖို့
ဘာကို ဖြတ်​​တောက်​ပစ်​ရမလဲ ၊
စိုးရိမ်​​သောကကင်း​ဝေး​စေဖို့ ဘယ်​အရာကို
ဖြတ်​​တောက်​ပစ်​ရမလဲ ၊
ဘယ်​အရာကို
အမြစ်​ပြတ်​ပယ်​သတ်​ ဖြတ်​​တောက်​ပစ်​မှ
အရှင်​ဘုရားက နှစ်​သက်​မှာပါလဲ ။ ___________ ။
အ​ဖြေ
_________________
အမျက်​​ဒေါသကို
ဖြတ်​​တောက်​ပစ်​လိုက်​ရင်​ -
စိတ်​လက်​ချမ်းသာစွာ အိပ်​စက်​ရပါတယ်​ ၊
အမျက်​​ဒေါသကို
ဖြတ်​​တောက်​ပစ်​လိုက်​ရင်
စိုးရိမ်​​သောက ကင်းပါတယ်​ ၊
* အဖျားမှာသကာလိုချိုပြီး *
* အရင်းမှာ အဆိပ်​လိုခါး * တဲ့
အမျက်​​ဒေါသတရားကို
ဖြတ်​​တောက်​ပစ်​လိုက်​ရင်
ဘုရားအစရှိတဲ့ အရိယာသူ​တော်​​ကောင်းများက
ချီးမွမ်း​ကြပါတယ်​ ၊
ဘာ​ကြောင့်​လဲဆို​တော့ -
ဒီအမျက်​​ဒေါသတရားကို
ဖြတ်​​တောက်​ပစ်​လိုက်​မှ
စိုးရိမ်​​သောက လုံးဝကင်း​ဝေးရမှာမို့ ။ ___________ ။
* အဖျားသကာချို အရင်းမှာအဆိပ်​ခါး * လို့ 
အမျက်​​ဒေါသတရား ကို
ဥပမာ​ပေးရတာက​တော့ -
ကိုယ့်​ကို စိတ်​ဆိုးသူကို ကိုယ်​က ပြန်​စိတ်​ဆိုး
ကိုယ့်​ကို ဆဲဆိုသူကို ကိုယ်​က ပြန်​ဆဲဆို
ကိုယ့်​ကို ရိုက်​နှက်​သူကို ကိုယ်​က ပြန်​ရိုက်​နှက်
အဲ့ဒီလို သူဆိုး ကိုယ်​ဆိုး
သူဆဲ ကိုယ်​ဆဲ
သူချ ကိုယ်​ချ နဲ့
ကိုယ်​က ပြန်​လုပ်​လိုက်​ရတာကိုပဲ ​စိတ်​ကျေနပ်​ပြီး
စားဝင်​အိပ်​​ပျော်​တတ်​တာမျိုးကို ရည်​ရွယ်​ပြီး -
အဖျားမှာ အစမှာ ချိုမြိန်​တဲ့ သကာလူးထားတယ်​လို့
ဥပမာ​ပေးတာ ဖြစ်​ပါတယ်​ ။
စိတ်​ရှိလက်​ရှိအမျက်​​ဒေါသထွက်​ပြီးတဲ့
နောင်​အခါကာလမှာ​တော့ -
ဆင်းရဲ​တဲ့အကျိုး​ပေး​တွေကို ခံစားရတာဟာ
အရင်းအမြစ်​မှာ ​နောက်​ဆုံးမှာ
သေ​စေတဲ့ အဆိပ်​​​တွေ အဆိပ်​ခါး​တွေရှိတယ်​ လို့
ဥပမာအ​နေနဲ့ ​​ဟော​ဖော်​ညွှန်​ပြထားတာပဲဖြစ်​ပါတယ်​ ။ _______ ။
ပါဠိ + မြန်​မာ
_________
ဂေါတမ ____ ​ဂေါတမနွယ်​ဖွား အိုအရှင်​ဘုရား
ကိံသု  _____ ဘယ်​အရာကို
ဆေတွာ ____ ဖြတ်​​တောက်​ပစ်​လို့
သုခံ ​သေတိ _ စိတ်​လက်​ချမ်းသာ​စွာ အိပ်​စက်​ရပါမလဲ ၊
ကိံသု ________ဘယ်​အရာကို
ဆေတွာ ______ ဖြတ်​​တောက်​လိုက်​လို့
န ​သောစတိ ____​သောကကင်းကင်း​နေရပါမလဲ ၊
ကိဿ ဧကဓမ္မဿ _____ ဘယ်​တရားတစ်ခုကို
ဝဓံ __________ ပယ်​သတ်​လိုက်​တာကို
ရောစတိ _______ နှစ်​သက်​သ​ဘောကျပါသလဲ ။ _____ ။
ဒေဝ​တေ _______ နတ်​သား
ကောဓံ ________ အမျက်​​ဒေါသကို
ဆေတွာ _______ ဖြတ်​​တောက်​ပစ်​လိုက်​ရင်
သုခံ ​သေတိ ____ စိတ်​လက်​ချမ်းသာစွာ အိပ်​စက်​ရပါတယ်​ ။
ကောဓံ _______ အမျက်​​ဒေါသတရားကို
ဆေတွာ ______ ဖြတ်​​တောက်​ပစ်​လိုက်​ရင်
န ​သောစတိ ___ စိုးရိမ်​​သောကမရှိ​တော့ပါ ၊
ဝိသမူလဿ ___ အရင်း အမြစ်​မှာ အဆိပ်​ရှိတဲ့
မဓုရဂ္ဂဿ _____ အဖျားမှာ ချိုမြိန်​တဲ့
ကောဓ _______ အမျက်​​ဒေါသကို
ဝဓံ _________ ပယ်​သတ်​ပစ်​လိုက်​ခြင်းကို
အရိယာ _____ ဘုရားအစရှိတဲ့ သူ​တော်​​ကောင်း​တွေက
ပသံသန္တိ _____ ချီးမွမ်းကြပါတယ်​ ။
တံ ဟိ _______ အဲ့ဒီ ​ဒေါသကိုပဲ
ဆေတွာ ______ ဖြတ်​​တောက်​ပစ်​လိုက်​တဲ့အတွက်
န ​သောစတိ ___ စိုးရိမ်​​သောက မရှိ​တော့လို့ပါပဲ ။ ________ ။
ပါဠိ​တော်
______________
ကိံသု ​ဆေတွာ သုခံ​သေတိ ၊
ကိံသု ​ဆေတွာ န​ ​သောစတိ ။
ကိဿဿု ဧကဓမ္မဿ ၊
ဝဓံ ​ရော​စေသိ ​ဂေါတ​မာတိ ။ ________ ။
ကောဓံ ​ဆေတွာ သုခံ​သေတိ ၊
ကောဓံ ​ဆေတွာ န​ ​သောစတိ ။
ကောဓဿ ဝိသမူလဿ ၊
မဓုရဂ္ဂဿ ​ဒေဝ​​တေ ။
ဝဓံ အရိယာ ပသံသန္တိ ၊
တံ ဟိ ​ဆေတွာ န ​သောစတီတိ ။ _________ ။
#အဂ္ဂမာန်
စာကိုး -
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ ​ဆေတွာဝဂ္ဂ ၊ ​ဆေတွာ သုတ္တ၊ ၃၈ ၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနိန္ဒယ - ပခုက္ကူမူ နိဿယသစ်
ပဋကတ်​အနှစ်​ချုပ်​ သံယုတ္တနိကာယ်
ဓမ္မာစရိယ ဦး​မောင်​​မောင်​​လေး ။
ခြောက်​မျိုးရင်းမြစ်​ ​လောကဖြစ်​၏ ။ အဂ္ဂမာန်
" ​ခြောက်​မျိုးရင်းမြစ်​ ​လောကဖြစ်​၏ "
🌹🌹🌹🌹🌹🌹🌹🌹🌹
မေးခွန်း
___________________________________
ဘယ်​အရာဖြစ်​​​ပေါ်လာလို့
သတ္တ​လောကကြီး ဖြစ်​​ပေါ်လာတာလဲ ။
ဘယ်​အရာမှာ သတ္တဝါ​တွေဟာ
ပေါင်း​သင်းယဉ်​ပါး​နေကြပါသလဲ ။
ဘာကို - စွဲမှီလို့
သတ္တ​လောက အမည်​ရတာလဲ ၊
အဲ့ဒီသတ္တဝါ​တွေဟာ
ဘယ်​အရာ​ကြောင့်​များ
မချိညှိုးနွမ်း ပင်​ပန်း​နေရပါသလဲ ။              ။
အ​ဖြေ
_____________________________
မျက်​စိ နား နှာ လျှာ ကိုယ်​ စိတ်​ဆိုတဲ့
အတွင်းအာယတန ကိုယ်​တွင်းရင်းမြစ်
ခြောက်​မျိုး ဖြစ်​​ပေါ်လာလို့
သတ္တ​လောကကြီး ဖြစ်​​ပေါ်လာရပါတယ်​ ။
ဒီ​ခြောက်​မျိုးမှာပဲ သတ္တဝါ​တွေဟာ
အကျွမ်းတဝင်​ယဉ်​ပါး ​ပေါင်းသင်းလို့​နေတယ်​ ။
ဒီ​ခြောက်​ခုကိုပဲ စွဲမှီလို့
သတ္တ​လောက အမည်​ရပါတယ်​ ။
ဒီ​ခြောက်​မျိုး​ကြောင့်​ပါပဲ
သတ္တဝါ​တွေ မချိညှိုးနွမ်း
ပင်​ပန်း​နေရပါ​တော့တယ်​ ။
ပါဠိ​ + မြန်​မာ
________________________________________
ကိသိံ္မ ______ ဘယ်​အရာ ( သတိ ) ရှိလာ/ဖြစ်​လာလို့
လော​ကော ___ သတ္တ​လောကကြီးဟာ
သမုမုပ္ပ​န္နော ___ ဖြစ်​​ပေါ်လာရပါသလဲ ။
ကိသိံ္မ. ________ ဘယ်​အရာ ( ၌ ) မှာ
လော​ကော ______ သတ္တ​လောကကြီးဟာ
သန္ထဝံ  _________ ​ပေါင်းသင်းယဉ်​ပါးအကျွမ်းဝင်​ခြင်းကို
ကု​ဗ္ဗတိ ________  ပြု​နေပါသလဲ ။
ကိဿ ________ ဘယ်​အရာကို
လော​ကော _____ သတ္တ​လောကကြီးဟာ
ဥပါဒါယ _______ အ​ကြောင်းပြုစွဲမှီ​နေပါသလဲ ။
ကိသိံ္မ​ _________ ဘယ်​အရာ​က
လော​ကော _____ သတ္တ​လောကကြီးကို
ဝိဟညတိ ______ မချိညှိုးနွမ်း ပင်​ပန်း​နေရပါသလဲ ။
ဆသု _________ မျက်​စိ နား စတဲ့ ​ကိုယ်​တွင်းရင်းမြစ်
_____________ ​ခြောက်​မျိုးဖြစ်​လို့
လော​ကော _____ သတ္တ​လောကကြီး ဖြစ်​​ပေါ်လာရပါတယ်​ ။
ဆသု ________ မျက်​စိ နား စတဲ့ ကိုယ်​တွင်းရင်းမြစ်
____________ ​ခြောက်​ခုတို့မှာ ​သတ္တ​လောကကြီးက
____________ ​ပေါင်းဖက်​ယဉ်းပါး အကျွမ်းအဝင်​ပါတယ်​ ၊
လော​ကော ___ သတ္တ​လောကကြီးတစ်​ခုလုံးဟာ
ဆန္န​မေဝ _____ ဒီ​ခြောက်​မျိုးကိုပဲ
ဥပါဒါယ ______ အ​ကြောင်းပြု စွဲမှီ​ထားပါတယ်​ ၊
လော​ကော ____ သတ္တ​လောကကြီးတစ်​ခုလုံးကို
ဆသု ________ ဒီ​ကိုယ်​တွင်းရင်းမြစ်​ ​ခြောက်​ခု ကပဲ
ဝိဟညတီတိ ___ နှိပ်​စက်​ကလူ ပြု​နေပါတယ်​ ။ _____ ။
ပါဠိ​တော်
________________________________
ကိသိံ္မ ​ ​လော​ကော   သမုပ္ပ​န္နော ၊
ကိသိံ္မ. ကုဗ္ဗတိ  သန္ထဝံ ။         ။
ကိဿ ​လော​ကော  ဥပါဒါယ.   ၊
ကိသိံ္မ. ​လော​ကော  ဝိဟညတီတိ ။ _________ ။
#အဂ္ဂမာန်
စာကိုး -
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ ​လောကသုတ်​ ၊ ၃၈ ၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနိန္ဒယ - ပခုက္ကူမူ နိဿယသစ်​ ၊
ပိဋကတ်​အနှသ်​ချုပ်​ သံယုတ္တနိကာယ်
ဓမ္မာစရိယဦး​မောင်​​မောင်​​လေး ။
မိမိကိုယ်​သာ ကိုးကွယ်​ရာ
အတ္တာဟိ အတ္တာနော နာထော၊
ကောဟိနာထော ပရောသိယာ။
အတ္တနာ ဟိ သုဒန္တေန၊
နာထံ လာဘတိ ဒုလ္လဘံ။
ဓမ္မပဒပါဠိ​တော်​ ၊ အတ္တဝဂ်
အတ္တာဟိ ______မိမိသာလျှင်၊
အတ္တနာ _______ မိမိ၏၊
နာထော _______ ကိုးကွယ်ရာဖြစ်၏၊
ဟိ ___________ ထိုစကားမှန်၏။
ပရော _________ မိမိမှတပါး၊
ကော _________ အဘယ်သူသည်၊
နာထော _______ ကိုးကွယ်ရာသည်၊
သိယာ ________ ဖြစ်နိုင်ပါအံနည်း။
အတ္တနာဟိ _____ မိမိကိုယ်တိုင်သာလျှင်၊
သုဒန္တေန ______ ကောင်းစွာ ဣနြေ္ဒတို့ကို ဆုံးမခြင်းဖြင့်၊
 ဒုလ္လဘံ _______ ရခဲလှစွာသော၊
နာထံ _________ အရဟတ္တဖိုလ်တည်းဟူသော မှီခိုအားထားရာကို၊
လာဘတိ ______ ရနိုင်၏။
နေ့ညမပြတ်​ဆင်​ခြင်​အပ်​ရာ တရားငါးဖြာ
နေ့ညမပြတ်​ ဆင်​ခြင်​အပ်​ရာ တရားငါးဖြာ 
________________________________
ရဟန်းတို့၊
ငါးပါးကုန်သော၊
ဤအကြောင်းတရားတို့ကို၊
မိန်းမသည်လည်းကောင်း၊
ယောကျာ်းသည်လည်းကောင်း၊
အိမ်ရာတည်ေ​ထာင်သည့်​​​လူသည်လည်းကောင်း၊
ရဟန်းသည်လည်းကောင်း၊
နေ့ညဥ့်မပြတ်- ဆင်ခြင်အပ်ကုန်၏။ ငါးပါးသောအကြောင်းတရားတို့သည်၊
အဘယ်သည်တို့နည်း ဟူမုကား….
၁။  ငါသည်၊
အိုခြင်းသဘောရှိသည်၊ ဖြစ်၏၊
အိုခြင်းသဘောကို၊
မလွန်ဆန်​နိုင်ချေ၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။
၂။ ငါသည်၊
နာခြင်းသဘောရှိသည်၊
ဖြစ်၏၊
နာခြင်းသဘောတရားကို၊
မလွန်ဆန်​နိုင်ချေ၊
ဤသို့၊ နေ့ညဥ့်မပြတ်၊  ဆင်ခြင်အပ်၏။
၃။  ငါသည်၊
သေခြင်းသဘောရှိသည်၊
ဖြစ်၏၊
သေခြင်းသဘောကို၊ မလွန်ဆန်​နိုင်ချေ၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။
၎။ ငါ့အား၊
ခပ်သိမ်းကုန်သော၊
ချစ်နှစ်လိုအပ်ကုန်သော၊
နှလုံးကို ပွားစေတတ်သော
အဆွေအမျိုး၊ ချစ်ကျွမ်းဝင်သူတို့နှင့်၊
အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့်
ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း။
ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့်
သေကွဲ ကွဲရခြင်းသည် လည်းကောင်း၊
ဖြစ်၏၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။
၅။  ငါသည်၊
ကံသာလျှင် မိမိဥစ္စာရှိသည်၊
ကံသာလျှင် အမွေခံရှိသည်၊
ကံသာလျှင် အကြောင်းရင်းရှိသည်၊
ကံသာလျှင် အဆွေအမျိုးရှိသည်၊
ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည်၊
ဖြစ်၏၊
ကောင်းသည်လည်း ဖြစ်သော၊
မကောင်းသည်လည်းဖြစ်သော၊
အကြင်ကံကို၊
ပြုအံ့၊
ထိုကောင်းမှု မကောင်းမှုကံ၏၊
ကောင်းမွေ ဆိုးမွေကံသည်၊
ဖြစ်ရအံ့၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။
ရဟန်းတို့၊
ဤအကြောင်းတရားငါးပါးတို့ကို၊
မိန်းမသည်လည်းကောင်း၊
ယောကျာ်းသည်လည်းကောင်း၊
အိမ်ရာတည်​​ထောင်တဲ့​​လူသည်လည်းကောင်း၊
ရဟန်းသည်လည်းကောင်း၊
နေ့ညဥ့်မပြတ်- ဆင်ခြင်အပ်ကုန်၏။
#အဘိဏှသုတ်
ပါဠိ​တော်
___________________________
ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ၊ ကတမာနိ ပဉ္စ…
၁။ ဇရာဓမ္မောမှိ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ နောပေဟိ နာနာဘာဝေါ ဝိနာဘာဝေါမှီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မသကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိသရဏော၊ ယံ ကမ္မံ ကရိဿမိ ကလျာဏံ ဝါ၊ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿမိတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိခေါ ဘိက္ခဝေ ပဉ္စဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ၊ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟေဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။
အဘိဏှသုတ္တံ နိဋ္ဌိတံ..
အဘိဏှသုတ် အနက်
ဘိက္ခဝေ- ရဟန်းတို့၊ ပဉ္စ- ငါးပါးကုန်သော၊ ဣမာနိ ဌာနာနိ- ဤအကြောင်းတရားတို့ကို၊ ဣတ္ထိယာဝါ- မိန်းမသည်လည်းကောင်း၊ ပုရိသေနဝါ- ယောကျာ်းသည်လည်းကောင်း၊ ဂဟေဋ္ဌေနဝါ- လူသည်လည်းကောင်း၊ ပဗ္ဗဇိတေနဝါ- ရဟန်းသည်လည်းကောင်း၊ အဘိဏှံ- နေ့ညဥ့်မပြတ်- ပစ္စဝေက္ခိတဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။ ပဉ္စ- ငါးပါးသောအကြောင်းတရားတို့သည်၊ ကတမာနိ- အဘယ်သည်တို့နည်း ဟူမုကား….
၁။  အဟံ- ငါသည်၊ ဇရာဓမ္မော- အိုခြင်းသဘောရှိသည်၊ အမှိ- ဖြစ်၏၊ ဇရံ- အိုခြင်းသဘောကို၊ အနာတီတော- မလွန်နိုင်ချေ၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။
၂။  အဟံ- ငါသည်၊ ဗျာဓိဓမ္မော- နာခြင်းသဘောရှိသည်၊ အမှိ- ဖြစ်၏၊ ဗျာဓိံ- နာခြင်းသဘောတရားကို၊ အနာတီတော- မလွန်နိုင်ချေ၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။
၃။  အဟံ- ငါသည်၊ မရဏဓမ္မော- သေခြင်းသဘောရှိသည်၊ အမှိ- ဖြစ်၏၊ မရဏံ- သေခြင်းသဘောကို၊ အနာတီတော- မလွန်နိုင်ချေ၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။
၎။  မေ- ငါ့အား၊ သဗ္ဗေဟိ- ခပ်သိမ်းကုန်သော၊ ပိယေဟိ- ချစ်နှစ်လိုအပ်ကုန်သော၊ မနာပေဟိ- နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ ချစ်ကျွမ်းဝင်သူတို့နှင့်၊ နာနာဘာဝေါ- အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း။ ဝိနာဘာဝေါ- ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း၊ အမှိ- ဖြစ်၏၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။
၅။  အဟံ- ငါသည်၊ ကမ္မဿကော- ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကမ္မဒါယဒေါ- ကံသာလျှင် အမွေခံရှိသည်၊ ကံမ္မယောနိ- ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကမ္မဗန္ဓု- ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကမ္မပ္ပဋိသရဏော- ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည်၊ အမှိ- ဖြစ်၏၊ ကလျာဏံ ဝါ- ကောင်းသည်လည်း ဖြစ်သော၊ ပါပကံဝါ- မကောင်းသည်လည်းဖြစ်သော၊ ယံကမ္မံ- အကြင်ကံကို၊ ကရိဿာမိ- ပြုအံ့၊ တဿကမ္မဿ- ထိုကောင်းမှု မကောင်းမှုကံ၏၊ ဒါယဒေါ- ကောင်းမွေ ဆိုးမွေကံသည်၊ ဘဝိဿာမိ ဖြစ်ရအံ့၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။
ဘိက္ခဝေ- ရဟန်းတို့၊ ဣမာနိ ပဉ္စဌာနာနိ- ဤအကြောင်းတရားငါးပါးတို့ကို၊ ဣတ္ထိယာဝါ- မိန်းမသည်လည်းကောင်း၊ ပုရိသေနဝါ- ယောကျာ်းသည်လည်းကောင်း၊ ဂဟေဋ္ဌေနဝါ- လူသည်လည်းကောင်း၊ ပဗ္ဗဇိတေနဝါ- ရဟန်းသည်လည်းကောင်း၊ အဘိဏှံ- နေ့ညဥ့်မပြတ်- ပစ္စဝေက္ခိတဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။
( အဘိဏှသုတ် ပြီး၏)
အာရုံများရဲ့ အစာ - အဂ္ဂမာန်
အာရုံသံချိတ်​မှာ ဘဝ​တွေ တန်းလန်း
ဘယ်​သူ အကွက်​ဆင်​​ထောင်​ဖမ်း​နေပါသလဲ ။
________________________________
မေးခွန်း
°°°°°°
လောကသား​တွေကို
ကျော့ကွင်း​နဲ့​ထောင်​ဖမ်းပြီး
အာရုံခြောက်​ပါး သံချိတ်​မှာ
ချိတ်​ဆွဲထားတာ - ဘယ်​အရာလဲ ၊
လောကသားအားလုံးကို
ဝိုင်းရံ​​​နှောင့်​ယှက်​ပူးကပ်
လိုက်​ပါ​​နေတာက - ဘာလဲ ၊
လောကသား​တွေကို
ကိုယ့်​ရဲ့ကိစ္စဆိုး​ကောင်း အတိတ်​ဇာတ်​​ကြောင်း
ပြန်း​ပြောင်းပြီး တွေးမသိနိုင်​​အောင်
ပိတ်​ဆို့်​တားဆီးဖုံးကွယ်​​နေတာ - ဘယ်​အရာလဲ ။
လောကသားအားလုံးဟာ
ဘယ်​မှာ
အ​ခြေချ ရပ်​တည်​ရှင်​သန်​​နေရပါသလဲ ။ _______ ။
အ​ဖြေ
°°°°°
ခုံမင်​ငြိကပ်​ တဏှာအ​စေးဓာတ်​က
လောကသားအားလုံးကို
ညှို့ငင်​​ထောင်​ဖမ်းပြီး ​ခြောက်​အာရုံ သံချိတ်​မှာ
တို့လို့တွဲလွဲ ချိတ်​ဆွဲထားပါတယ်​ ။
တ​ရွေ့​ရွေ့ တ​မြေ့​မြေ့ အိုမင်းယိုယွင်း
ရင့်​​ရော်​ခြင်းဆိုတဲ့ ဇရာတရားက
လောကသားအားလုံးကို
အစဉ်​တစိုက်​ ဝန်းရံပူးကပ်​လိုက်​ပါ​နေပါတယ်​ ။
ရှိရှိသမျှ ​လောကသား​တွေကို
သေခြင်းတရားက
ကိုယ့်​ရဲ့ကိစ္စဆိုး​ကောင်း
အတိတ်​ဘဝ ဇာတ်​​ကြောင်း​တွေကို
ပြန်​​ပြောင်းလို့ ​တွေးမသိနိုင်​​အောင်
ပိတ်​ဆို့ဖုံးကွယ်​ထားပါတယ်​ ။
လောကသား​တွေဟာ
သက်​သာစရာ တစ်​ကွက်​မျှမရှိတဲ့
ဝဋ်​ဆင်းရဲဆိုတဲ့ ဒုက္ခ​တွေနဲ့အမြဲမကွာ
အ​ခြေချ တည်​​နေရပါတယ်​ ။ ___________ ။
ပါဠိ + မြန်​မာ
_________________________________
ကေနဿု ဥဍ္ဍိ​တော ​လော​ကော ၊
ကေနဿု ပရိဝါရိ​တော ။
ကေနဿု ပိဟိ​တော ​လော​ကော ၊
ကိသ္မိံ ​လော​ကော ပတိဋ္ဌိ​တော ။ ____________ ။
ကေန _______ ဘယ်​အရာက
လောက ______ လောကသားအ​ပေါင်းကို
ဥဍ္ဍိ​တော ______ ​ထောင်​ဖမ်းပြီး​တော့အာရုံသံချိတ်​မှာ ____________ ဆွဲချိတ်​ထားပါသလဲ ။
ကေန _______ ဘယ်​အရာက
လောက _____ ​လောကသား​တွေကို
ပရိဝါရိ​တော ___ ဝန်းရံပူးကပ်​​လိုက်​ပါ​နေပါသလဲ ။
ကေန _______ေ​လာကသားအားလုံးကို
ပိဟိ​တော _____ ​ရှေး​ရေး​နောက်​​​ကြောင်း အဆိုးအကာင်း
____________ ပြန်​​ပြောင်းကြည့်​​ရေး ​တွေးမသိရ​အောင်
____________ ပိတ်​ဆို့တားဆီး​နေပါသလဲ ။
လော​ကော ____ ​လောကသား​တွေဟာ
ကိသ္မိံ ________ ဘယ်​မှာ
ပတိဋ္ဌိ​တော ____ အ​ခြေချ တည်​​နေရပါသလဲ ။ _______ ။
_____________
တဏှာယ ဥဍ္ဍိ​တော ​လော​ကော ၊
ဇရာယ ပရိဝါရိ​တော ။
မစ္စု​နာ ပိဟိ​တော ​လော​ကော ၊
ဒု​က္ခေ ​လော​ကော ပတိဋ္ဌိ​တော ။ ________ ။
တဏှာယ _______ ခုံမင်​ငြိကပ်​ တဏှာအ​စေးဓာတ်​က
လော​ကော ______ ​လောကသားအားလုံးကို
ဥဍ္ဍိ​တော ________ ညှို့ငင်​​ထောင်​ဖမ်းပြီး ​ခြောက်​အာရုံသံချိတ်​မှာ
______________ တို့လို့တွဲလွဲ ချိတ်​ဆွဲထားပါတယ်​ ။
ဇရာယ ________ တ​ရွေ့​ရွေ့ တ​မြေ့​မြေ့ အိုမင်းယိုယွင်း
_____________ ရင့်​​ရော်​ခြင်းဆိုတဲ့ ဇရာတရားက
လော​ကော _____ ​လောကသားအားလုံးကို
ပရိဝါရိ​တော ____ အစဉ်​တစိုက်​ ဝန်းရံပူးကပ်​လိုက်​ပါ​နေတယ်​ ။
လော​ကော ____ ​ရှိရှိသမျှ ​လောကသား​တွေကို
မစ္စနာ _______ ​သေခြင်းတရားက
ပိဟိ​တော _____ ကိုယ့်​ရဲ့ကိစ္စဆိုး​ကောင်း
____________ အတိတ်​ဘဝ ဇာတ်​​ကြောင်း​တွေကို
____________ ပြန်​​ပြောင်းလို့ ​တွေးမသိနိုင်​​အောင်
____________ ပိတ်​ဆို့ဖုံးကွယ်​ထားပါတယ်​ ။
လော​ကော ____ ​လောကသား​တွေဟာ
ဒု​က္ခေ _______ သက်​သာစရာဆိုလို့ တစ်​ကွက်​မျှမရှိတဲ့
___________ ဝဋ်​ဆင်းရဲဆိုတဲ့ ဒုက္ခ​တွေနဲ့အမြဲမကွာ
___________ အ​ခြေချ တည်​​နေကြရပါတယ်​ ။ _________ ။
ပါဠိ​တော်
°°°°°°°
ကေနဿု ဥဍ္ဍိ​တော ​လော​ကော ၊
ကေနဿု ပရိဝါရိ​တော ။
ကေနဿု ပိဟိ​တော ​လော​ကော ၊
ကိသ္မိံ ​လော​ကော ပတိဋ္ဌိ​တော ။ ____________ ။
တဏှာယ ဥဍ္ဍိ​တော ​လော​ကော ၊
ဇရာယ ပရိဝါရိ​တော ။
မစ္စု​နာ ပိဟိ​တော ​လော​ကော ၊
ဒု​က္ခေ ​လော​ကော ပတိဋ္ဌိ​တော ။ ________ ။
ဥဋ္ဋိတသုတ်​၌ သိမှတ်​ဖွယ်
_____________________________
လောကသားအားလုံးရဲ့ မျက်​စိဟာ
ရူပါရုံ - အဆင်းဓာတ်​ဆိုတဲ့ သံချိတ်​မှာ
လိုချင်​​​တောင့်​တတတ်​တဲ့တဏှာကြိုးနဲ့
ထိုးသီချိတ်​ဆွဲထားတာကို ခံ​နေကြရပါတယ်​ ။
ဒီလိုပါပဲ - နား နှာ​ခေါင်း လျှာ ကိုယ်
စိတ်​​တွေဟာလည်း -
အသံ အနံ့ အရသာ အ​တွေ့အထိ
ကြံ​တွေးစိတ်​ကူးစရာ အာရုံ​သံချိတ်​​တွေမှာ
တဏှာကြိုးနဲ့ ထိုးသီချိတ်​ဆွဲထားတာကို
ခံ​နေကြရပါတယ်​ ။
ဒီဘဝက​နေ ​ရှေ့နားကပ်​​နေတဲ့
ကိုယ့်​ဘဝဟာ အနီး​လေးဆို​ပေမယ့်
စုတိ နဲ့ ပဋိသ​န္ဓေစိတ်​အ​နေနဲ့ တွက်​ဆလိုက်​ရင်
စိတ်​က​လေး တစ်​စိတ်​​လောက်​ပဲ ကွာခြားတာပါ ။
ဒါ​ပေမယ့်​ ​သေခါနီး ပြင်းပြင်းထန်​ထန်​ ခံစားရတဲ့
ဒုက္ခ​ဝေဒနာ ဆင်းရဲဒဏ်​​ကြောင့်​ အနီးက​လေးဖြစ်​တဲ့
ကိုယ့်​ဘဝအ​ရေးကို မ​တွေးမသိနိုင်​ကြ​တော့လို့
သေခြင်းတရားက ပိတ်​ဆို့ဖုံးကွယ်​လိုက်​သလို
ဖြစ်​သွားပါ​တော့တယ်​ ။ _______________ ။
Discoure of Being Ensnared
___________________________
The deva said ;
" By what is the world´ ensnared ?
 What besets the world ?
 what shuts off the world ?
 On what does the world stand ? "
 ( The Bhagava said ; )
" The world is ensnared by Craving
 Ageing besets the world .
 Death shuts off the world .
 The world stands on dukkha . "
#အဂ္ဂမာန်
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ ဥဍ္ဍိတသုတ်​ ၊ ၃၈ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ်​ ကိုမှီးသည်​ ။
ဘယ်​သူ့ကို အဆက်​ဖြတ်​ရမှာလဲ ၊ အဂ္ဂမာန်
ဘယ်​သူ့ကို အဆက်​ဖြတ်​ရမှာလဲ
________________________________________________
မေးခွန်း
_____
လူ​တွေကို ဆက်​စပ်​ဖွဲ့ချည်​ထားတာက ဘာလဲ ၊
စုန်​ဆန်​ဝဲလှည့်​​စေတဲ့ ​ခြေအစုံဆိုတာ ဘယ်​လိုတရားလဲ ၊
ဘာကို ဘယ်သူ့ကို အဆက်​ဖြတ်​မှ တကယ်​ပြတ်​တယ်​ ​ပြောလို့ရမလဲ ။
_______________________________________________
အ​ဖြေ
______________
လောကသား​တွေကို
ချစ်​ခင်​နှစ်​သက်​မှုက
ဆက်​စပ်​ချည်​​နှောင်​​ပေးထားပါတယ်​ ။
ကြံ​တွေးမှုက​တော့
သူတို့ရဲ့ ​စုန်​ဆန်​ဝဲလှည့်​ရာ
ခြေ​လှမ်း​တွေ​ပဲပေါ့ ။
ငြိတွယ်​စုံ​မွေ့ တဏှာဓ​လေ့ကို
သေချာကျန ဖယ်​ရှားလိုက်​မှ
အဆက်​အားလုံး ဖြတ်​လိုက်​တယ်​လို့
ဆိုပါတယ်​ ။ _________ ။
________________________________________
ပါဠိ + မြန်​မာ
_________
မေးခွန်း
______________________________________
ကိံသုသမ္ဗန္ဓ​နော လော​ကော ၊
ကိံသု တဿ ဝိစာရဏံ ။
ကိဿဿု ဝိပ္ပဟာ​နေန
သဗ္ဗံ ဆိန္ဓတိ ဗန္ဓနန္တိ  ။              ။
လော​ကော _______ သတ္တ​လောကကြီးတစ်​ခုလုံးကို
ကိံသုသမ္ဗန္ဓ​နော ____ ဝဋ်​ဆင်းရဲ​တွေမှာ မြဲမြံ​နေ​အောင်
________________ဘယ်​အရာက
________________ဆက်​စပ်​ချည်​နှောင်​​နေပါသလဲ ။
ကိံသု ______ဘယ်​အရာက
တဿ _____ အဲ့ဒီ ​လောကသား​တွေကို
ဝိစာရဏံ ____ စုန်​ဆန်​လှည့်​လည်​​စေတဲ့ ​ခြေအစုံဖြစ်​ပါသလဲ ။
ကိဿ _____ ဘယ်​အရာကို
ဝိပ္ပဟာ​နေန __ အမြစ်​ပြတ်​ ပယ်​သတ်​လိုက်​ခြင်း​ကြောင့်
သဗ္ဗံ ဗန္ဓနံ ___ ​နှောင်​ဖွဲ့သမျှအဆက်​အစပ်​အားလုံးကို
ဆိန္ဒတိ _____ ​​ဖြတ်​​တောက်​တယ်​လို့​ပြောမလဲ ။
အ​ဖြေ
_____________________________________
နန္ဒီသမ္ဗန္ဓနော ​လော​ကော ၊
ဝိတက္ကဿ ဝိစာရဏံ ။
တဏှာယ ဝိပ္ပဟာ​နေန ၊
သဗ္ဗံ ဆိန္ဒတိ ဗန္ဓနန္တိ ။ _____ ။
လော​ကော ______ လောကသားအားလုံးကို
နန္ဒီသမ္ဗန္ဓနော __ ခုံမင်​တွယ်​တာမှုကြိုး က
______________ တုပ်​​နှောင်​ထားပါတယ်​ ။
ဝိတ​က္ကော _______ ဟိုဒီ ကြံ​ပြေး ​တွေး​ခေါ်မှုက
အဿ    _______ အဲ့ဒီေ​လာကသား​တွေရဲ့
ဝိစာရဏံ _______ စုန်​ဆန်​​ပြေးလွှား လှည့်​လည်​​စေတဲ့
______________ခြေ​ထောက်​အစုံပဲ ဖြစ်​တယ်​ ။
တဏှာယ _______ငြိတွယ်​စုံ​မွေ့ တဏှာဓ​လေ့ကို
ဝိပ္ပဟာ​နေန _____ သေချာကျန ပယ်​သတ်​လိုက်​ရင်​​​တော့
သဗ္ဗံ ဗန္ဓနံ ______ နှောင်​ဖွဲ့သမျှ​ကိ​လေသာ အဆက်​အားလုံးကို
ဆိန္ဒတိ ________ ဖြတ်​​တောက်​တယ်​လို့ ဆိုပါတယ်​။          ။
___________
ပါဠိ​တော်
_______________________________________
ကိံသုသမ္ဗန္ဓ​နော လော​ကော ၊
ကိံသု တဿ ဝိစာရဏံ ။
ကိဿဿု ဝိပ္ပဟာ​နေန
သဗ္ဗံ ဆိန္ဒတိ ဗန္ဒနန္တိ  ။ __________ ။
နန္ဒီသမ္ဗန္ဓနော ​လော​ကော ၊
ဝိတက္ကဿ ဝိစာရဏံ ။
တဏှာယ ဝိပ္ပဟာ​နေန ၊
သဗ္ဗံ ဆိန္ဒတိ ဗန္ဓနန္တိ ။ _____ ။
__________________________________________
သတ္တ​လောကကြီးတစ်​ခုလုံးကို
ချစ်​ခင်​နှစ်​သက်​မှုဆိုတဲ့
နန္ဒီ​နှောင်​ကြိုးက -
သိမ်းကျုံးဆက်​စပ်​ချည်​​နှောင်​ထားပါတယ်​ ၊
အာရုံအလီလီ ကြံစည်​​ထွေပြား
ဝိတက်​တရားက -
အဲ့ဒီ​ ​လောကသား​တွေကို -
စုန်​ချည်​ဆန်​ချည်​ လှည့်​လည်​​စေတဲ့
ခြေ​အစုံပါပဲ ။
ငြိတွယ်​စုံ​မွေ့ တဏှာဓ​လေ့ကို
သေချာကျန ဖယ်​ချလိုက်​တာကိုမှ
လုံးဝဥဿုံ အဆက်​အကုန်​ပြတ်​သွားတယ်​လို့
ခေါ်ပါတယ်​ ။
________________________________________
မေးသူ - အညတြ​ဒေဝတာ ( မထင်​မရှားနတ်​သားတစ်​ပါး )
ဖြေသူ - မြတ်​ဗုဒ္ဓ
နေရာ - သာဝတ္ထိပြည်​ ၊ ​အနာထပိဏ်​သူ​ဋ္ဌေးကြီး၏
အချိန်​ - ညဉ့်​ဦးယံအလွန်​ သန်း​ခေါင်​ယံ ။ _________ ။
#အဂ္ဂမာန်
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ ဗန္ဓနသုတ်​ ၊ ၃၇ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ်​ ကိုမှီးသည်​ ။
Discourse on Bonds
____________________
The Deva said ;
" What keeps the world in bonds ?
  What are the legs of the world ?
   Through abandoning what ,are
    all the bonds cut ? "
The Bhagava said ;
" Pleasure keeps the world in bonds .
  Thoughts are the legs of the world .
  Through abandoning Craving ,
   all the bonds are cut . "
______________________Tran ; U Tin U
နှောင်​ကြိုးဖြတ်​မှ ငြိမ်းပါမယ်​ ။ အဂ္ဂမာန်
နှောင်​ကြိုးဖြတ်​မှ ငြိမ်းပါမယ်
___________________________________
လောကသား​တွေကို
ခုံမင်​တွယ်​တာမှုက ​ချည်​နှောင်​ထားတယ်​ ။
ကြံ​တွေးမှုက​တော့
သူတို့ရဲ့ ​ခြေ​ထောက်​​ပဲ​ပေါ့ ။
မက်​​မောမှုကို ပယ်​လိုက်​ရင်
ဆင်းရဲငြိမ်းပြီလို့ ​ပြောနိုင်​ပြီ ။ _________ ။
________________________________________
နန္ဒီ​နှောင်​ကြိုး
___________________
သတ္တ​လောကကြီးတစ်​ခုလုံးကို
နှစ်​သက်​မက်​​မောမှုဆိုတဲ့
နန္ဒီ​နှောင်​ကြိုးက -
သိမ်းကျုံးဖွဲ့ချည်​ထားပါတယ်​ ၊
အာရုံအလီလီ ကြံစည်​​ထွေပြား
ဝိတက်​တရားက -
အဲ့ဒီ​ ​လောကသား​တွေကို -
စုန်​ချည်​ဆန်​ချည်​ လှည့်​လည်​​စေတဲ့
ခြေ​အစုံပါပဲ ။
လိုချင်​​စေးကပ်​ တဏှာဓာတ်​ကို
အမြစ်​ပြတ်​ ပယ်​သတ်​နိုင်​ပါမှ
ဆင်းရဲဇာတ်​သိမ်း
နိဗ္ဗာနဓာတ်​ကိန်းတယ်​လို့ ​ပြောနိုင်​ပါတယ်​ ။
မေးခွန်း
______________________________________
ကိံသုသံ​ယောဇ​နော ​လော​ကော ၊
ကိံသု တဿ ဝိစာရဏံ ။
ကိဿဿု ဝိပ္ပဟာ​နေန
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။              ။
လော​ကော _______ သတ္တ​လောကကြီးတစ်​ခုလုံးဟာ
ကိံသုသံ​ယောဇ​နော _  ဝဋ်​ဆင်းရဲ​တွေမှာ မြဲမြံ​နေ​အောင်
_______________ ဘယ်​အရာက နှောင်​ဖွဲ့​နေပါသလဲ ။
ကိံသု ____ ဘယ်​အရာက
တဿ ___ အဲ့ဒီ ​လောကသား​တွေကို
ဝိစာရဏံ ____ စုန်​ဆန်​လှည့်​လည်​​စေတဲ့ ​ခြေအစုံဖြစ်​ပါသလဲ ။
ကိဿ _____ ဘယ်​အရာကို
ဝိပ္ပဟာ​နေန __ အမြစ်​ပြတ်​ ပယ်​သတ်​လိုက်​ခြင်း​ကြောင့်
နိဗ္ဗာနံ ဣတိ ___ ဆင်းရဲခပ်​သိမ်းငြိမ်းတယ်​ရယ်​လို့
ဝုစ္စတိ _______ ​​ပြောလို့ရပါသလဲ ။
အ​ဖြေ
_____________________________________
နန္ဒီသံ​ယောဇ​နော ​လော​ကော ၊
ဝိတက္ကဿ ဝိစာရဏံ ။
တဏှာယ ဝိပ္ပဟာ​နေန ၊
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။ _____ ။
လော​ကော ______ လောကသားအားလုံးကို
နန္ဒီသံ​ယောဇ​နော __ ခုံမင်​တွယ်​တာမှုကြိုး က
______________ တုပ်​​နှောင်​ထားပါတယ်​ ။
ဝိတ​က္ကော _______ ဟိုဒီ ကြံ​ပြေး ​တွေး​ခေါ်မှုက
အဿ    _______ အဲ့ဒီေ​လာကသား​တွေရဲ့
ဝိစာရဏံ _______ စုန်​ဆန်​​ပြေးလွှား လှည့်​လည်​​စေတဲ့
_____________ ​ခြေ​ထောက်​အစုံပဲ ဖြစ်​တယ်​ ။
တဏှာယ ______ ဆာ​လောင်​တပ်​မက်​မှုကို
ဝိပ္ပဟာ​နေန ____ ပယ်​သတ်​ ဖယ်​ရှားလိုက်​ရင်​​​တော့
နိဗ္ဗာနံ ဣတိ ____ ဆင်းရဲကင်းတဲ့ အငြိမ်းဓာတ်​လို့
ဝုစ္စတိ ________ ​ပြောလို့ရပါပြီ ။                 ။
ပါဠိ​တော်
_______________________________________
ကိံသုသံ​ယောဇ​နော ​လော​ကော ၊
ကိံသု တဿ ဝိစာရဏံ ။
ကိဿဿု ဝိပ္ပဟာ​နေန
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။              ။
နန္ဒီသံ​ယောဇ​နော ​လော​ကော ၊
ဝိတက္ကဿ ဝိစာရဏံ ။
တဏှာယ ဝိပ္ပဟာ​နေန ၊
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။ _____ ။
_______________________
မေးသူ - အညတြ​ဒေဝတာ ( မထင်​မရှားနတ်​သားတစ်​ပါး )
ဖြေသူ - မြတ်​ဗုဒ္ဓ
နေရာ - သာဝတ္ထိပြည်​ ၊ ​အနာထပိဏ်​သူ​ဋ္ဌေးကြီး၏
အချိန်​ - ညဉ့်​ဦးယံအလွန်​ သန်း​ခေါင်​ယံ ။ _________ ။
#အဂ္ဂမာန်
ဆက်​စပ်​စကားပုံ - ငှက်​​တွေဟာ ပျံရင်း​သေ ၊
____________ လူ​တွေ ကြံရင်း​သေ ။
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ သံ​ယောဇနသုတ်​ ၊ ၃၇ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ်​ ကိုမှီးသည်​ ။