Tuesday, March 28, 2017

နေ့ညမပြတ်​ဆင်​ခြင်​အပ်​ရာ တရားငါးဖြာ

နေ့ညမပြတ်​ ဆင်​ခြင်​အပ်​ရာ တရားငါးဖြာ 

________________________________
ရဟန်းတို့၊
ငါးပါးကုန်သော၊
ဤအကြောင်းတရားတို့ကို၊
မိန်းမသည်လည်းကောင်း၊
ယောကျာ်းသည်လည်းကောင်း၊
အိမ်ရာတည်ေ​ထာင်သည့်​​​လူသည်လည်းကောင်း၊
ရဟန်းသည်လည်းကောင်း၊
နေ့ညဥ့်မပြတ်- ဆင်ခြင်အပ်ကုန်၏။ ငါးပါးသောအကြောင်းတရားတို့သည်၊
အဘယ်သည်တို့နည်း ဟူမုကား….

၁။  ငါသည်၊
အိုခြင်းသဘောရှိသည်၊ ဖြစ်၏၊
အိုခြင်းသဘောကို၊
မလွန်ဆန်​နိုင်ချေ၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။

၂။ ငါသည်၊
နာခြင်းသဘောရှိသည်၊
ဖြစ်၏၊
နာခြင်းသဘောတရားကို၊
မလွန်ဆန်​နိုင်ချေ၊
ဤသို့၊ နေ့ညဥ့်မပြတ်၊  ဆင်ခြင်အပ်၏။

၃။  ငါသည်၊
သေခြင်းသဘောရှိသည်၊
ဖြစ်၏၊
သေခြင်းသဘောကို၊ မလွန်ဆန်​နိုင်ချေ၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။

၎။ ငါ့အား၊
ခပ်သိမ်းကုန်သော၊
ချစ်နှစ်လိုအပ်ကုန်သော၊
နှလုံးကို ပွားစေတတ်သော
အဆွေအမျိုး၊ ချစ်ကျွမ်းဝင်သူတို့နှင့်၊
အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့်
ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း။
ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့်
သေကွဲ ကွဲရခြင်းသည် လည်းကောင်း၊
ဖြစ်၏၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။

၅။  ငါသည်၊
ကံသာလျှင် မိမိဥစ္စာရှိသည်၊
ကံသာလျှင် အမွေခံရှိသည်၊
ကံသာလျှင် အကြောင်းရင်းရှိသည်၊
ကံသာလျှင် အဆွေအမျိုးရှိသည်၊
ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည်၊
ဖြစ်၏၊
ကောင်းသည်လည်း ဖြစ်သော၊
မကောင်းသည်လည်းဖြစ်သော၊
အကြင်ကံကို၊
ပြုအံ့၊
ထိုကောင်းမှု မကောင်းမှုကံ၏၊
ကောင်းမွေ ဆိုးမွေကံသည်၊
ဖြစ်ရအံ့၊
ဤသို့၊ နေ့ညဥ့်မပြတ်၊ ဆင်ခြင်အပ်၏။

ရဟန်းတို့၊
ဤအကြောင်းတရားငါးပါးတို့ကို၊
မိန်းမသည်လည်းကောင်း၊
ယောကျာ်းသည်လည်းကောင်း၊
အိမ်ရာတည်​​ထောင်တဲ့​​လူသည်လည်းကောင်း၊
ရဟန်းသည်လည်းကောင်း၊
နေ့ညဥ့်မပြတ်- ဆင်ခြင်အပ်ကုန်၏။

#အဘိဏှသုတ်

ပါဠိ​တော်
___________________________

ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိ တဗ္ဗာနိ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ၊ ကတမာနိ ပဉ္စ…

၁။ ဇရာဓမ္မောမှိ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ နောပေဟိ နာနာဘာဝေါ ဝိနာဘာဝေါမှီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မသကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိသရဏော၊ ယံ ကမ္မံ ကရိဿမိ ကလျာဏံ ဝါ၊ ပါပကံ ဝါ၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿမိတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိခေါ ဘိက္ခဝေ ပဉ္စဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ၊ ဣတ္ထိယာ ဝါ ပုရိသေန ဝါ ဂဟေဋ္ဌေန ဝါ ပဗ္ဗဇိတေန ဝါ။
အဘိဏှသုတ္တံ နိဋ္ဌိတံ..

အဘိဏှသုတ် အနက်

ဘိက္ခဝေ- ရဟန်းတို့၊ ပဉ္စ- ငါးပါးကုန်သော၊ ဣမာနိ ဌာနာနိ- ဤအကြောင်းတရားတို့ကို၊ ဣတ္ထိယာဝါ- မိန်းမသည်လည်းကောင်း၊ ပုရိသေနဝါ- ယောကျာ်းသည်လည်းကောင်း၊ ဂဟေဋ္ဌေနဝါ- လူသည်လည်းကောင်း၊ ပဗ္ဗဇိတေနဝါ- ရဟန်းသည်လည်းကောင်း၊ အဘိဏှံ- နေ့ညဥ့်မပြတ်- ပစ္စဝေက္ခိတဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။ ပဉ္စ- ငါးပါးသောအကြောင်းတရားတို့သည်၊ ကတမာနိ- အဘယ်သည်တို့နည်း ဟူမုကား….
၁။  အဟံ- ငါသည်၊ ဇရာဓမ္မော- အိုခြင်းသဘောရှိသည်၊ အမှိ- ဖြစ်၏၊ ဇရံ- အိုခြင်းသဘောကို၊ အနာတီတော- မလွန်နိုင်ချေ၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။

၂။  အဟံ- ငါသည်၊ ဗျာဓိဓမ္မော- နာခြင်းသဘောရှိသည်၊ အမှိ- ဖြစ်၏၊ ဗျာဓိံ- နာခြင်းသဘောတရားကို၊ အနာတီတော- မလွန်နိုင်ချေ၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။

၃။  အဟံ- ငါသည်၊ မရဏဓမ္မော- သေခြင်းသဘောရှိသည်၊ အမှိ- ဖြစ်၏၊ မရဏံ- သေခြင်းသဘောကို၊ အနာတီတော- မလွန်နိုင်ချေ၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။

၎။  မေ- ငါ့အား၊ သဗ္ဗေဟိ- ခပ်သိမ်းကုန်သော၊ ပိယေဟိ- ချစ်နှစ်လိုအပ်ကုန်သော၊ မနာပေဟိ- နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ ချစ်ကျွမ်းဝင်သူတို့နှင့်၊ နာနာဘာဝေါ- အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း။ ဝိနာဘာဝေါ- ဘဝတစ်ပါးသို့ ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း၊ အမှိ- ဖြစ်၏၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။
၅။  အဟံ- ငါသည်၊ ကမ္မဿကော- ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကမ္မဒါယဒေါ- ကံသာလျှင် အမွေခံရှိသည်၊ ကံမ္မယောနိ- ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကမ္မဗန္ဓု- ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကမ္မပ္ပဋိသရဏော- ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည်၊ အမှိ- ဖြစ်၏၊ ကလျာဏံ ဝါ- ကောင်းသည်လည်း ဖြစ်သော၊ ပါပကံဝါ- မကောင်းသည်လည်းဖြစ်သော၊ ယံကမ္မံ- အကြင်ကံကို၊ ကရိဿာမိ- ပြုအံ့၊ တဿကမ္မဿ- ထိုကောင်းမှု မကောင်းမှုကံ၏၊ ဒါယဒေါ- ကောင်းမွေ ဆိုးမွေကံသည်၊ ဘဝိဿာမိ ဖြစ်ရအံ့၊ ဣတိ- ဤသို့၊ အဘိဏှံ- နေ့ညဥ့်မပြတ်၊ ပစ္စဝေက္ခိတဗ္ဗံ- ဆင်ခြင်အပ်၏။

ဘိက္ခဝေ- ရဟန်းတို့၊ ဣမာနိ ပဉ္စဌာနာနိ- ဤအကြောင်းတရားငါးပါးတို့ကို၊ ဣတ္ထိယာဝါ- မိန်းမသည်လည်းကောင်း၊ ပုရိသေနဝါ- ယောကျာ်းသည်လည်းကောင်း၊ ဂဟေဋ္ဌေနဝါ- လူသည်လည်းကောင်း၊ ပဗ္ဗဇိတေနဝါ- ရဟန်းသည်လည်းကောင်း၊ အဘိဏှံ- နေ့ညဥ့်မပြတ်- ပစ္စဝေက္ခိတဗ္ဗာနိ၊ ဆင်ခြင်အပ်ကုန်၏။

( အဘိဏှသုတ် ပြီး၏)

No comments:

Post a Comment