စိတ်ဦးတည့်ရာ ထင်သလိုဝဲလှည့်
____________________________ အဂ္ဂမာန်
___________________
အမေး
___________________
ဘယ်အရာက -
သက်ရှိဘဝ အထွေထွေကို
ဦးဆောင်ဖန်တီးနေသလဲ ။
ဆွဲငင်နေတာ ဘယ်အရာလဲ
သက်ရှိအားလုံး
ဘယ်တရားတစ်ခုရဲ့ အလိုကျ
လိုက်ပါနေရပါသလဲ ။
___________________
အဖြေ
___________________
စိတ်က -
သက်ရှိဘဝအနန္တကို
ဦးဆောင်ဖန်တီးနေပါတယ် ၊
ညှို့ငင်ဆွဲဆောင်တာလည်း
စိတ်ပါပဲ ၊
စိတ်တစ်ခုရဲ့အလိုကျ
စေညွှန်လေရာ လိုက်ပါနေရတယ် ။ ။
_________________________
ပါဠိ+မြန်မာ
________
အမေး _____________________
ကေနဿု နီယတိ လောကော
ကေနဿု ပရိကဿတိ ။
ကိဿဿု ဧကဓမ္မဿ ၊
သဗ္ဗေဝ ဝသမနွဂူတိ ။ ။
ကေန____ ဘယ်အရာက
လောကော - သတ္တလောကကြီးကို
နီယတိ ___ ဦးဆောင်စေစားပါသလဲ ။
ကေန ___ ဘယ်အရာက
လောကော - သတ္တလောကကြီးကို
နီယတိ ___ ဆွဲဆောင်ညှို့ငင်ထားပါသလဲ ။
သဗ္ဗေဝ ___ သတ္တဝါအားလုံးဟာ
ကိဿ ___ ဘယ်လိုသဘောမျိုးရှိတဲ့
ဧကဓမ္မဿ- တရားတစ်ခုရဲ့
ဝသံ _____ အလိုကျရာသို့
အနွဂူ ____ အစဉ်တစိုက်လိုက်ပါနေရပါသလဲ ။
အဖြေ __________________________
စိတ္တေန နီယတိ လောကော ၊
စိတ္တေန ပရိကဿတိ ။
စိတ္တဿ ဧကဓမ္မဿ ၊
သဗ္ဗေဝ ဝသမနွဂူတိ ။
စိတ္တေန ___ စိတ်ဆိုတဲ့သဘောတရားက
လောကော __ သတ္တလောကကြီးကို
နီယတိ ___ ဦးဆောင်စေစားနေပါတယ် ။
စိတ္တေန ___ စိတ်ဆိုတဲ့ သဘောတရားက
လောကော _ သတ္တလောကကြီးကို
ပရိကဿတိ - ဆွဲဆောင်ညှို့ငင်နေပါတယ် ။
သဗ္ဗေဝ ____ သတ္တဝါတွေအားလုံးဟာ
စိတ္တဿ ____ စိတ်ဆိုတဲ့
ဧကဓမ္မဿ __ သဘောတရားတစ်ခုရဲ့
ဝသံ _______ အလိုကျရာသို့
အနွဂူ ______ အစဉ်တစိုက်လိုက်ပါနေကြရပါတယ် ။
လောကကြီးကို ဘယ်အရာက ဦးဆောင်စေစားနေပါသလဲ
လောကကြီးကို ဘယ်အရာက ဆွဲဆောင်ညှို့ငင်ထားပါသလဲ
အားလုံးဟာ ဘယ်လိုသဘောတရားတစ်ခုရဲ့
အလိုကျရာကို ကောက်ကောက်ပါအောင်လိုက်နေရပါသလဲ ။
သတ္တလောကကြီးကို
စိတ်ဆိုတဲ့သဘောတရားက ဦးဆောင်စေစားနေပါတယ် ၊
သတ္တလောကကြီးကို
စိတ်ဆိုတဲ့သဘောတရားက ညှို့ငင်ဆွဲဆောင်နေပါတယ် ၊
သတ္တလောကကြီးတစ်ခုလုံးဟာ
စိတ်ဆိုတဲ့သဘောတရားတစ်ခု ရဲ့ အလိုကျစေညွှန်ရာကို
ကောက်ကောက်ပါအောင်လိုက်ပါနေရပါတယ် ။
ပါဠိတော်
___________________
ကေနဿု နီယတိ လောကော
ကေနဿု ပရိကဿတိ ။
ကိဿဿု ဧကဓမ္မဿ ၊
သဗ္ဗေဝ ဝသမနွဂူတိ ။
စိတ္တေန နီယတိ လောကော ၊
စိတ္တေန ပရိကဿတိ ။
စိတ္တဿ ဧကဓမ္မဿ ၊
သဗ္ဗေဝ ဝသမနွဂူတိ ။
_______________________
မေးသူ - အညတြဒေဝတာ ( မထင်မရှားနတ်သားတစ်ပါး )
ဖြေသူ - မြတ်ဗုဒ္ဓ
နေရာ - သာဝတ္ထိပြည် ၊ အနာထပိဏ်သူဋ္ဌေးကြီး၏
ဇေတဝန်ကျောင်း ၊
အချိန် - ညဥ့်ဦးယံအလွန် သန်းခေါင်ယံ ။ ။
#အဂ္ဂမာန်
သံယုတ္တနိကာယ် ၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်
ဒေဝတာသံယုတ် ၊ အဒ္ဓဝဂ် ၊ စိတ္တသုတ် ၊ ၃၆ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ် ကိုမှီးသည် ။
မှတ်ချက် ______________________________
ဤသုတ်တော်၌
စိတ်ဆွဲဆောင်ရာ ပါနေကြရသည် ဟူသောစကားမှာ -
ကိလေသာအာသဝေါ ကုန်ခမ်း ရဟန္တာအရှင်မြတ်တို့သည်
စိတ်၏အလိုသို့ မလိုက်ပါကြဟု ခြွင်းချက်ကိုသိရာ၏ ။
No comments:
Post a Comment