Tuesday, March 28, 2017
နှောင်​ကြိုးဖြတ်​မှ ငြိမ်းပါမယ်​ ။ အဂ္ဂမာန်
နှောင်​ကြိုးဖြတ်​မှ ငြိမ်းပါမယ်
___________________________________
လောကသား​တွေကို
ခုံမင်​တွယ်​တာမှုက ​ချည်​နှောင်​ထားတယ်​ ။
ကြံ​တွေးမှုက​တော့
သူတို့ရဲ့ ​ခြေ​ထောက်​​ပဲ​ပေါ့ ။
မက်​​မောမှုကို ပယ်​လိုက်​ရင်
ဆင်းရဲငြိမ်းပြီလို့ ​ပြောနိုင်​ပြီ ။ _________ ။
________________________________________
နန္ဒီ​နှောင်​ကြိုး
___________________
သတ္တ​လောကကြီးတစ်​ခုလုံးကို
နှစ်​သက်​မက်​​မောမှုဆိုတဲ့
နန္ဒီ​နှောင်​ကြိုးက -
သိမ်းကျုံးဖွဲ့ချည်​ထားပါတယ်​ ၊
အာရုံအလီလီ ကြံစည်​​ထွေပြား
ဝိတက်​တရားက -
အဲ့ဒီ​ ​လောကသား​တွေကို -
စုန်​ချည်​ဆန်​ချည်​ လှည့်​လည်​​စေတဲ့
ခြေ​အစုံပါပဲ ။
လိုချင်​​စေးကပ်​ တဏှာဓာတ်​ကို
အမြစ်​ပြတ်​ ပယ်​သတ်​နိုင်​ပါမှ
ဆင်းရဲဇာတ်​သိမ်း
နိဗ္ဗာနဓာတ်​ကိန်းတယ်​လို့ ​ပြောနိုင်​ပါတယ်​ ။
မေးခွန်း
______________________________________
ကိံသုသံ​ယောဇ​နော ​လော​ကော ၊
ကိံသု တဿ ဝိစာရဏံ ။
ကိဿဿု ဝိပ္ပဟာ​နေန
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။              ။
လော​ကော _______ သတ္တ​လောကကြီးတစ်​ခုလုံးဟာ
ကိံသုသံ​ယောဇ​နော _  ဝဋ်​ဆင်းရဲ​တွေမှာ မြဲမြံ​နေ​အောင်
_______________ ဘယ်​အရာက နှောင်​ဖွဲ့​နေပါသလဲ ။
ကိံသု ____ ဘယ်​အရာက
တဿ ___ အဲ့ဒီ ​လောကသား​တွေကို
ဝိစာရဏံ ____ စုန်​ဆန်​လှည့်​လည်​​စေတဲ့ ​ခြေအစုံဖြစ်​ပါသလဲ ။
ကိဿ _____ ဘယ်​အရာကို
ဝိပ္ပဟာ​နေန __ အမြစ်​ပြတ်​ ပယ်​သတ်​လိုက်​ခြင်း​ကြောင့်
နိဗ္ဗာနံ ဣတိ ___ ဆင်းရဲခပ်​သိမ်းငြိမ်းတယ်​ရယ်​လို့
ဝုစ္စတိ _______ ​​ပြောလို့ရပါသလဲ ။
အ​ဖြေ
_____________________________________
နန္ဒီသံ​ယောဇ​နော ​လော​ကော ၊
ဝိတက္ကဿ ဝိစာရဏံ ။
တဏှာယ ဝိပ္ပဟာ​နေန ၊
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။ _____ ။
လော​ကော ______ လောကသားအားလုံးကို
နန္ဒီသံ​ယောဇ​နော __ ခုံမင်​တွယ်​တာမှုကြိုး က
______________ တုပ်​​နှောင်​ထားပါတယ်​ ။
ဝိတ​က္ကော _______ ဟိုဒီ ကြံ​ပြေး ​တွေး​ခေါ်မှုက
အဿ    _______ အဲ့ဒီေ​လာကသား​တွေရဲ့
ဝိစာရဏံ _______ စုန်​ဆန်​​ပြေးလွှား လှည့်​လည်​​စေတဲ့
_____________ ​ခြေ​ထောက်​အစုံပဲ ဖြစ်​တယ်​ ။
တဏှာယ ______ ဆာ​လောင်​တပ်​မက်​မှုကို
ဝိပ္ပဟာ​နေန ____ ပယ်​သတ်​ ဖယ်​ရှားလိုက်​ရင်​​​တော့
နိဗ္ဗာနံ ဣတိ ____ ဆင်းရဲကင်းတဲ့ အငြိမ်းဓာတ်​လို့
ဝုစ္စတိ ________ ​ပြောလို့ရပါပြီ ။                 ။
ပါဠိ​တော်
_______________________________________
ကိံသုသံ​ယောဇ​နော ​လော​ကော ၊
ကိံသု တဿ ဝိစာရဏံ ။
ကိဿဿု ဝိပ္ပဟာ​နေန
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။              ။
နန္ဒီသံ​ယောဇ​နော ​လော​ကော ၊
ဝိတက္ကဿ ဝိစာရဏံ ။
တဏှာယ ဝိပ္ပဟာ​နေန ၊
နိဗ္ဗာနံ ဣတိ ဝုစ္စတီတိ ။ _____ ။
_______________________
မေးသူ - အညတြ​ဒေဝတာ ( မထင်​မရှားနတ်​သားတစ်​ပါး )
ဖြေသူ - မြတ်​ဗုဒ္ဓ
နေရာ - သာဝတ္ထိပြည်​ ၊ ​အနာထပိဏ်​သူ​ဋ္ဌေးကြီး၏
အချိန်​ - ညဉ့်​ဦးယံအလွန်​ သန်း​ခေါင်​ယံ ။ _________ ။
#အဂ္ဂမာန်
ဆက်​စပ်​စကားပုံ - ငှက်​​တွေဟာ ပျံရင်း​သေ ၊
____________ လူ​တွေ ကြံရင်း​သေ ။
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ သံ​ယောဇနသုတ်​ ၊ ၃၇ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ်​ ကိုမှီးသည်​ ။
No comments:
Post a Comment