Tuesday, March 28, 2017

အာရုံများရဲ့ အစာ - အဂ္ဂမာန်

အာရုံသံချိတ်​မှာ ဘဝ​တွေ တန်းလန်း

ဘယ်​သူ အကွက်​ဆင်​​ထောင်​ဖမ်း​နေပါသလဲ ။

________________________________


မေးခွန်း
°°°°°°
လောကသား​တွေကို
ကျော့ကွင်း​နဲ့​ထောင်​ဖမ်းပြီး
အာရုံခြောက်​ပါး သံချိတ်​မှာ
ချိတ်​ဆွဲထားတာ - ဘယ်​အရာလဲ ၊

လောကသားအားလုံးကို
ဝိုင်းရံ​​​နှောင့်​ယှက်​ပူးကပ်
လိုက်​ပါ​​နေတာက - ဘာလဲ ၊

လောကသား​တွေကို
ကိုယ့်​ရဲ့ကိစ္စဆိုး​ကောင်း အတိတ်​ဇာတ်​​ကြောင်း
ပြန်း​ပြောင်းပြီး တွေးမသိနိုင်​​အောင်
ပိတ်​ဆို့်​တားဆီးဖုံးကွယ်​​နေတာ - ဘယ်​အရာလဲ ။

လောကသားအားလုံးဟာ
ဘယ်​မှာ
အ​ခြေချ ရပ်​တည်​ရှင်​သန်​​နေရပါသလဲ ။ _______ ။

အ​ဖြေ
°°°°°
ခုံမင်​ငြိကပ်​ တဏှာအ​စေးဓာတ်​က
လောကသားအားလုံးကို
ညှို့ငင်​​ထောင်​ဖမ်းပြီး ​ခြောက်​အာရုံ သံချိတ်​မှာ
တို့လို့တွဲလွဲ ချိတ်​ဆွဲထားပါတယ်​ ။

တ​ရွေ့​ရွေ့ တ​မြေ့​မြေ့ အိုမင်းယိုယွင်း
ရင့်​​ရော်​ခြင်းဆိုတဲ့ ဇရာတရားက
လောကသားအားလုံးကို
အစဉ်​တစိုက်​ ဝန်းရံပူးကပ်​လိုက်​ပါ​နေပါတယ်​ ။

ရှိရှိသမျှ ​လောကသား​တွေကို
သေခြင်းတရားက
ကိုယ့်​ရဲ့ကိစ္စဆိုး​ကောင်း
အတိတ်​ဘဝ ဇာတ်​​ကြောင်း​တွေကို
ပြန်​​ပြောင်းလို့ ​တွေးမသိနိုင်​​အောင်
ပိတ်​ဆို့ဖုံးကွယ်​ထားပါတယ်​ ။

လောကသား​တွေဟာ
သက်​သာစရာ တစ်​ကွက်​မျှမရှိတဲ့
ဝဋ်​ဆင်းရဲဆိုတဲ့ ဒုက္ခ​တွေနဲ့အမြဲမကွာ
အ​ခြေချ တည်​​နေရပါတယ်​ ။ ___________ ။

ပါဠိ + မြန်​မာ
_________________________________

ကေနဿု ဥဍ္ဍိ​တော ​လော​ကော ၊
ကေနဿု ပရိဝါရိ​တော ။
ကေနဿု ပိဟိ​တော ​လော​ကော ၊
ကိသ္မိံ ​လော​ကော ပတိဋ္ဌိ​တော ။ ____________ ။

ကေန _______ ဘယ်​အရာက
လောက ______ လောကသားအ​ပေါင်းကို
ဥဍ္ဍိ​တော ______ ​ထောင်​ဖမ်းပြီး​တော့အာရုံသံချိတ်​မှာ ____________ ဆွဲချိတ်​ထားပါသလဲ ။
ကေန _______ ဘယ်​အရာက
လောက _____ ​လောကသား​တွေကို
ပရိဝါရိ​တော ___ ဝန်းရံပူးကပ်​​လိုက်​ပါ​နေပါသလဲ ။
ကေန _______ေ​လာကသားအားလုံးကို
ပိဟိ​တော _____ ​ရှေး​ရေး​နောက်​​​ကြောင်း အဆိုးအကာင်း
____________ ပြန်​​ပြောင်းကြည့်​​ရေး ​တွေးမသိရ​အောင်
____________ ပိတ်​ဆို့တားဆီး​နေပါသလဲ ။
လော​ကော ____ ​လောကသား​တွေဟာ
ကိသ္မိံ ________ ဘယ်​မှာ
ပတိဋ္ဌိ​တော ____ အ​ခြေချ တည်​​နေရပါသလဲ ။ _______ ။

_____________

တဏှာယ ဥဍ္ဍိ​တော ​လော​ကော ၊
ဇရာယ ပရိဝါရိ​တော ။
မစ္စု​နာ ပိဟိ​တော ​လော​ကော ၊
ဒု​က္ခေ ​လော​ကော ပတိဋ္ဌိ​တော ။ ________ ။

တဏှာယ _______ ခုံမင်​ငြိကပ်​ တဏှာအ​စေးဓာတ်​က
လော​ကော ______ ​လောကသားအားလုံးကို
ဥဍ္ဍိ​တော ________ ညှို့ငင်​​ထောင်​ဖမ်းပြီး ​ခြောက်​အာရုံသံချိတ်​မှာ
______________ တို့လို့တွဲလွဲ ချိတ်​ဆွဲထားပါတယ်​ ။

ဇရာယ ________ တ​ရွေ့​ရွေ့ တ​မြေ့​မြေ့ အိုမင်းယိုယွင်း
_____________ ရင့်​​ရော်​ခြင်းဆိုတဲ့ ဇရာတရားက
လော​ကော _____ ​လောကသားအားလုံးကို
ပရိဝါရိ​တော ____ အစဉ်​တစိုက်​ ဝန်းရံပူးကပ်​လိုက်​ပါ​နေတယ်​ ။

လော​ကော ____ ​ရှိရှိသမျှ ​လောကသား​တွေကို
မစ္စနာ _______ ​သေခြင်းတရားက
ပိဟိ​တော _____ ကိုယ့်​ရဲ့ကိစ္စဆိုး​ကောင်း
____________ အတိတ်​ဘဝ ဇာတ်​​ကြောင်း​တွေကို
____________ ပြန်​​ပြောင်းလို့ ​တွေးမသိနိုင်​​အောင်
____________ ပိတ်​ဆို့ဖုံးကွယ်​ထားပါတယ်​ ။

လော​ကော ____ ​လောကသား​တွေဟာ
ဒု​က္ခေ _______ သက်​သာစရာဆိုလို့ တစ်​ကွက်​မျှမရှိတဲ့
___________ ဝဋ်​ဆင်းရဲဆိုတဲ့ ဒုက္ခ​တွေနဲ့အမြဲမကွာ
___________ အ​ခြေချ တည်​​နေကြရပါတယ်​ ။ _________ ။

ပါဠိ​တော်
°°°°°°°
ကေနဿု ဥဍ္ဍိ​တော ​လော​ကော ၊
ကေနဿု ပရိဝါရိ​တော ။
ကေနဿု ပိဟိ​တော ​လော​ကော ၊
ကိသ္မိံ ​လော​ကော ပတိဋ္ဌိ​တော ။ ____________ ။

တဏှာယ ဥဍ္ဍိ​တော ​လော​ကော ၊
ဇရာယ ပရိဝါရိ​တော ။
မစ္စု​နာ ပိဟိ​တော ​လော​ကော ၊
ဒု​က္ခေ ​လော​ကော ပတိဋ္ဌိ​တော ။ ________ ။

ဥဋ္ဋိတသုတ်​၌ သိမှတ်​ဖွယ်
_____________________________

လောကသားအားလုံးရဲ့ မျက်​စိဟာ
ရူပါရုံ - အဆင်းဓာတ်​ဆိုတဲ့ သံချိတ်​မှာ
လိုချင်​​​တောင့်​တတတ်​တဲ့တဏှာကြိုးနဲ့
ထိုးသီချိတ်​ဆွဲထားတာကို ခံ​နေကြရပါတယ်​ ။
ဒီလိုပါပဲ - နား နှာ​ခေါင်း လျှာ ကိုယ်
စိတ်​​တွေဟာလည်း -
အသံ အနံ့ အရသာ အ​တွေ့အထိ
ကြံ​တွေးစိတ်​ကူးစရာ အာရုံ​သံချိတ်​​တွေမှာ
တဏှာကြိုးနဲ့ ထိုးသီချိတ်​ဆွဲထားတာကို
ခံ​နေကြရပါတယ်​ ။

ဒီဘဝက​နေ ​ရှေ့နားကပ်​​နေတဲ့
ကိုယ့်​ဘဝဟာ အနီး​လေးဆို​ပေမယ့်
စုတိ နဲ့ ပဋိသ​န္ဓေစိတ်​အ​နေနဲ့ တွက်​ဆလိုက်​ရင်
စိတ်​က​လေး တစ်​စိတ်​​လောက်​ပဲ ကွာခြားတာပါ ။
ဒါ​ပေမယ့်​ ​သေခါနီး ပြင်းပြင်းထန်​ထန်​ ခံစားရတဲ့
ဒုက္ခ​ဝေဒနာ ဆင်းရဲဒဏ်​​ကြောင့်​ အနီးက​လေးဖြစ်​တဲ့
ကိုယ့်​ဘဝအ​ရေးကို မ​တွေးမသိနိုင်​ကြ​တော့လို့
သေခြင်းတရားက ပိတ်​ဆို့ဖုံးကွယ်​လိုက်​သလို
ဖြစ်​သွားပါ​တော့တယ်​ ။ _______________ ။

Discoure of Being Ensnared
___________________________

The deva said ;

" By what is the world´ ensnared ?
 What besets the world ?
 what shuts off the world ?
 On what does the world stand ? "
 ( The Bhagava said ; )

" The world is ensnared by Craving
 Ageing besets the world .
 Death shuts off the world .
 The world stands on dukkha . "

#အဂ္ဂမာန်

သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ ဥဍ္ဍိတသုတ်​ ၊ ၃၈ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ်​ ကိုမှီးသည်​ ။

No comments:

Post a Comment