" ခြောက်မျိုးရင်းမြစ် လောကဖြစ်၏ "
🌹🌹🌹🌹🌹🌹🌹🌹🌹မေးခွန်း
___________________________________
ဘယ်အရာဖြစ်ပေါ်လာလို့
သတ္တလောကကြီး ဖြစ်ပေါ်လာတာလဲ ။
ဘယ်အရာမှာ သတ္တဝါတွေဟာ
ပေါင်းသင်းယဉ်ပါးနေကြပါသလဲ ။
ဘာကို - စွဲမှီလို့
သတ္တလောက အမည်ရတာလဲ ၊
အဲ့ဒီသတ္တဝါတွေဟာ
ဘယ်အရာကြောင့်များ
မချိညှိုးနွမ်း ပင်ပန်းနေရပါသလဲ ။ ။
အဖြေ
_____________________________
မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့
အတွင်းအာယတန ကိုယ်တွင်းရင်းမြစ်
ခြောက်မျိုး ဖြစ်ပေါ်လာလို့
သတ္တလောကကြီး ဖြစ်ပေါ်လာရပါတယ် ။
ဒီခြောက်မျိုးမှာပဲ သတ္တဝါတွေဟာ
အကျွမ်းတဝင်ယဉ်ပါး ပေါင်းသင်းလို့နေတယ် ။
ဒီခြောက်ခုကိုပဲ စွဲမှီလို့
သတ္တလောက အမည်ရပါတယ် ။
ဒီခြောက်မျိုးကြောင့်ပါပဲ
သတ္တဝါတွေ မချိညှိုးနွမ်း
ပင်ပန်းနေရပါတော့တယ် ။
ပါဠိ + မြန်မာ
________________________________________
ကိသိံ္မ ______ ဘယ်အရာ ( သတိ ) ရှိလာ/ဖြစ်လာလို့
လောကော ___ သတ္တလောကကြီးဟာ
သမုမုပ္ပန္နော ___ ဖြစ်ပေါ်လာရပါသလဲ ။
ကိသိံ္မ. ________ ဘယ်အရာ ( ၌ ) မှာ
လောကော ______ သတ္တလောကကြီးဟာ
သန္ထဝံ _________ ပေါင်းသင်းယဉ်ပါးအကျွမ်းဝင်ခြင်းကို
ကုဗ္ဗတိ ________ ပြုနေပါသလဲ ။
ကိဿ ________ ဘယ်အရာကို
လောကော _____ သတ္တလောကကြီးဟာ
ဥပါဒါယ _______ အကြောင်းပြုစွဲမှီနေပါသလဲ ။
ကိသိံ္မ _________ ဘယ်အရာက
လောကော _____ သတ္တလောကကြီးကို
ဝိဟညတိ ______ မချိညှိုးနွမ်း ပင်ပန်းနေရပါသလဲ ။
ဆသု _________ မျက်စိ နား စတဲ့ ကိုယ်တွင်းရင်းမြစ်
_____________ ခြောက်မျိုးဖြစ်လို့
လောကော _____ သတ္တလောကကြီး ဖြစ်ပေါ်လာရပါတယ် ။
ဆသု ________ မျက်စိ နား စတဲ့ ကိုယ်တွင်းရင်းမြစ်
____________ ခြောက်ခုတို့မှာ သတ္တလောကကြီးက
____________ ပေါင်းဖက်ယဉ်းပါး အကျွမ်းအဝင်ပါတယ် ၊
လောကော ___ သတ္တလောကကြီးတစ်ခုလုံးဟာ
ဆန္နမေဝ _____ ဒီခြောက်မျိုးကိုပဲ
ဥပါဒါယ ______ အကြောင်းပြု စွဲမှီထားပါတယ် ၊
လောကော ____ သတ္တလောကကြီးတစ်ခုလုံးကို
ဆသု ________ ဒီကိုယ်တွင်းရင်းမြစ် ခြောက်ခု ကပဲ
ဝိဟညတီတိ ___ နှိပ်စက်ကလူ ပြုနေပါတယ် ။ _____ ။
ပါဠိတော်
________________________________
ကိသိံ္မ လောကော သမုပ္ပန္နော ၊
ကိသိံ္မ. ကုဗ္ဗတိ သန္ထဝံ ။ ။
ကိဿ လောကော ဥပါဒါယ. ၊
ကိသိံ္မ. လောကော ဝိဟညတီတိ ။ _________ ။
#အဂ္ဂမာန်
စာကိုး -
သံယုတ္တနိကာယ် ၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်
ဒေဝတာသံယုတ် ၊ အဒ္ဓဝဂ် ၊ လောကသုတ် ၊ ၃၈ ၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနိန္ဒယ - ပခုက္ကူမူ နိဿယသစ် ၊
ပိဋကတ်အနှသ်ချုပ် သံယုတ္တနိကာယ်
ဓမ္မာစရိယဦးမောင်မောင်လေး ။
No comments:
Post a Comment