Wednesday, March 22, 2017
ငါတို့​နေရာ ဤကမ္ဘာ တဏှာအုပ်​စိုးသည်​ ... အဂ္ဂမာန်
ငါတို့​နေရာ ဤကမ္ဘာ 
_____________ တဏှာအုပ်​စိုးသည်
____________________________ အဂ္ဂမာန်
အ​မေး
___________________
ဘယ်​အရာက -
တစ်​​​လောကလုံးကို
သိမ်းကျုံး​​သွေး​ဆောင်​​နေပါသလဲ ။
သူ့သြဇာ သူ့လိုရာလိုက်​ပါ​အောင်
ညှို့ငင်​​နေတာ ဘယ်​အရာလဲ
အားလုံးဟာ
ဘယ်​တရားတစ်​ခုရဲ့ အလိုကျ
အစဉ်တစိုက် ​​လိုက်​ပါ​နေရပါသလဲ ။
___________________
အ​ဖြေ
___________________
တဏှာဆိုတဲ့ ဆာ​လောင်​တောင့်တမှု​ က -
တစ်​​လောကလုံးကို
သိမ်းကျုံး​သွေး​ဆောင်​ဖျား​​ယောင်းနေပါတယ်​ ၊
ညှို့ငင်​ဆွဲ​ဆောင်​တာလည်း
တဏှာပါပဲ ၊
တဏှာဆိုတဲ့ ဆာ​လောင်​​တောင့်​တမှု
တရားတစ်​ခုရဲ့အလိုကျ
စေညွှန်​​လေရာ လိုက်​ပါ​နေရတယ်​ ။ ။
_________________________
ပါဠိ+မြန်​မာ
________
အ​မေး _____________________
ကေနဿု နီယတိ ​လော​ကော
ကေနဿု ပရိကဿတိ ။
ကိဿဿု ဧကဓမ္မဿ ၊
သ​ဗ္ဗေဝ ဝသမနွဂူတိ    ။           ။
ကေန____ ဘယ်​အရာက
လော​ကော - ​သတ္တ​လောကကြီးကို
နီယတိ ___ သိမ်းကျုံး​သွေး​​ဆောင်​ဖျားေ​ယာင်း
_________ နေပါသလဲ ။
ကေန ___ ဘယ်​အရာက
လော​ကော - ​သတ္တ​လောကကြီးကို
နီယတိ ___ သူ့သြဇာ သူ့အလိုကျရာကို
_________ ညှို့ငင်​ထားပါသလဲ ။
သ​ဗ္ဗေဝ ___ သတ္တဝါအားလုံးဟာ
ကိဿ ___ ဘယ်​လိုသ​ဘောမျိုးရှိတဲ့
ဧကဓမ္မဿ- တရားတစ်​ခုရဲ့
ဝသံ _____ အလိုကျရာသို့
အနွဂူ ____ အစဉ်​တစိုက်​လိုက်​ပါ​နေရပါသလဲ ။
အ​ဖြေ __________________________
တဏှာယ နီယတိ ​လော​ကော ၊
တဏှာယ ပရိကဿတိ   ။
တဏှာယ ဧကဓမ္မဿ ၊
သ​ဗ္ဗေဝ ဝသမနွဂူတိ ။
တဏှာယ ___ တဏှာဆိုတဲ့
___________ ဆာ​လောင်​​​တောင့်တမှု​က
လော​ကော __ ​လောကကြီးတစ်ခုလုံး​ကို
နီယတိ   ___ သိမ်းကျုံးသွေးေ​​ဆာင်
__________ ဖျားေ​ယာင်းေ​နပါတယ်​ ။
တဏှာယ __ တဏှာဆိုတဲ့ ဆာ​လောင်​​တောင့်တမှု​က
လော​ကော _ သတ္တ​လောကကြီးတစ်ခုလုံး​ကို
ပရိကဿတိ - သူ့သြဇာ သူ့လိုရာရ​​အောင်
__________ ညှို့ငင်​​နေပါတယ်​ ။
သ​ဗ္ဗေဝ ____ ​လောကကြီးတစ်ခုလုံး​ဟာ
တဏှာယ ____ တဏှာဆိုတဲ့ ဆာ​လောင်​​တောင့်​တမှု
ဧကဓမ္မဿ __ သ​ဘောတရားတစ်​ခုရဲ့
ဝသံ _______ အလိုကျရာသို့
အနွဂူ ______ အစဉ်​တစိုက်​လိုက်​ပါ​နေကြရပါတယ်​ ။
လောကကြီးကို
ဘယ်​အရာက
သိမ်းကျုံးသွေးေ​​ဆာင်
ဖ်ား​ေ​ယာင္​းေ​နပါသလဲ ၊
လောကကြီးကို
ဘယ်​အရာက
ဆွဲ​ဆောင်​ညှို့ငင်​ထားပါသလဲ
အားလုံးဟာ -
ဘယ်​လိုသ​ဘောတရားတစ်​ခုရဲ့
သူ့သြဇာ သူ့အလိုကျရာကို
ကောက်​​ကောက်​ပါ​အောင်​လိုက်​​နေရပါသလဲ ။
သတ္တ​လောကကြီးကို
တဏှာဆိုတဲ့
ဆာ​လာင်ေ​တာင့်တမှု​က
သိမ်းကျုံး​​သွေး​​ဆောင်
ဖျား​​ယောင်​နေပါတယ်​ ။
သတ္တ​လောကကြီးတစ်ခုလုံး​ကို
တဏှာဆိုတဲ့
ဆာ​​လောင်​​တောင့်တမှု​က
ညှို့ငင်​ဆွဲ​ဆောင်​​နေပါတယ်​ ၊
သတ္တ​လောကကြီးတစ်​ခုလုံးဟာ
တဏှာ ဆိုတဲ့ ဆာ​လောင်​​တောင့်​တမှု
သ​ဘောတရားတစ်​ခု ရဲ့ အလိုကျ​စေညွှန်​ရာကို
ကောက်​​ကောက်​ပါ​အောင်​လိုက်​ပါ​နေရပါတယ်​ ။
ပါဠိ​တော်
___________________
ကေနဿု နီယတိ ​လော​ကော
ကေနဿု ပရိကဿတိ ။
ကိဿဿု ဧကဓမ္မဿ ၊
သ​ဗ္ဗေဝ ဝသမနွဂူတိ    ။
တဏှာယ နီယတိ ​လော​ကော ၊
တဏှာယ ပရိကဿတိ   ။
တဏှာယ ဧကဓမ္မဿ ၊
သ​ဗ္ဗေဝ ဝသမနွဂူတိ ။
_______________________
မေးသူ - အညတြ​ဒေဝတာ ( မထင်​မရှားနတ်​သားတစ်​ပါး )
ဖြေသူ - မြတ်​ဗုဒ္ဓ
နေရာ - သာဝတ္ထိပြည်​ ၊ ​အနာထပိဏ်​သူ​ဋ္ဌေးကြီး၏
အချိန်​ - ညဉ့်​ဦးယံအလွန်​ သန်း​ခေါင်​ယံ ။     ။
#အဂ္ဂမာန်
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ အဒ္ဓဝဂ်​ ၊ တဏှာသုတ်​ ၊ ၃၆ ၊၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနန္ဒိယ - ပခုက္ကူမူ နိဿယသစ်​ ကိုမှီးသည်​ ။
မှတ်​ချက်​ ______________________________
ဤသုတ်​​တော်​၌ ကိ​လေသာအာသ​ဝေါ
ကုန်​ခမ်း ရဟန္တာအရှင်​မြတ်​တို့သည်​ တဏှာ၏အလိုသို့
မလိုက်​ပါကြဟု ခြွင်းချက်​ကိုသိရာ၏ ။
No comments:
Post a Comment