Tuesday, March 28, 2017

အဖျားသကာချို အရင်းမှာအဆိပ်​ခါး ပယ်​သတ်​ရမယ့်​တရား ၊ အဂ္ဂမာန်

အဖျားသကာချို  အရင်းမှာအဆိပ်​ခါး 

___________ ပယ်​သတ်​ရမယ့်​ ​တရား

___________________________


မေးခွန်း
_____________

စိတ်​လက်​ချမ်းသာစွာ အိပ်​စက်​ရဖို့
ဘာကို ဖြတ်​​တောက်​ပစ်​ရမလဲ ၊

စိုးရိမ်​​သောကကင်း​ဝေး​စေဖို့ ဘယ်​အရာကို
ဖြတ်​​တောက်​ပစ်​ရမလဲ ၊

ဘယ်​အရာကို
အမြစ်​ပြတ်​ပယ်​သတ်​ ဖြတ်​​တောက်​ပစ်​မှ
အရှင်​ဘုရားက နှစ်​သက်​မှာပါလဲ ။ ___________ ။

အ​ဖြေ
_________________

အမျက်​​ဒေါသကို
ဖြတ်​​တောက်​ပစ်​လိုက်​ရင်​ -
စိတ်​လက်​ချမ်းသာစွာ အိပ်​စက်​ရပါတယ်​ ၊

အမျက်​​ဒေါသကို
ဖြတ်​​တောက်​ပစ်​လိုက်​ရင်
စိုးရိမ်​​သောက ကင်းပါတယ်​ ၊

* အဖျားမှာသကာလိုချိုပြီး *
* အရင်းမှာ အဆိပ်​လိုခါး * တဲ့
အမျက်​​ဒေါသတရားကို
ဖြတ်​​တောက်​ပစ်​လိုက်​ရင်
ဘုရားအစရှိတဲ့ အရိယာသူ​တော်​​ကောင်းများက
ချီးမွမ်း​ကြပါတယ်​ ၊
ဘာ​ကြောင့်​လဲဆို​တော့ -
ဒီအမျက်​​ဒေါသတရားကို
ဖြတ်​​တောက်​ပစ်​လိုက်​မှ
စိုးရိမ်​​သောက လုံးဝကင်း​ဝေးရမှာမို့ ။ ___________ ။

* အဖျားသကာချို အရင်းမှာအဆိပ်​ခါး * လို့ 
အမျက်​​ဒေါသတရား ကို
ဥပမာ​ပေးရတာက​တော့ -

ကိုယ့်​ကို စိတ်​ဆိုးသူကို ကိုယ်​က ပြန်​စိတ်​ဆိုး
ကိုယ့်​ကို ဆဲဆိုသူကို ကိုယ်​က ပြန်​ဆဲဆို
ကိုယ့်​ကို ရိုက်​နှက်​သူကို ကိုယ်​က ပြန်​ရိုက်​နှက်
အဲ့ဒီလို သူဆိုး ကိုယ်​ဆိုး
သူဆဲ ကိုယ်​ဆဲ
သူချ ကိုယ်​ချ နဲ့
ကိုယ်​က ပြန်​လုပ်​လိုက်​ရတာကိုပဲ ​စိတ်​ကျေနပ်​ပြီး
စားဝင်​အိပ်​​ပျော်​တတ်​တာမျိုးကို ရည်​ရွယ်​ပြီး -
အဖျားမှာ အစမှာ ချိုမြိန်​တဲ့ သကာလူးထားတယ်​လို့
ဥပမာ​ပေးတာ ဖြစ်​ပါတယ်​ ။

စိတ်​ရှိလက်​ရှိအမျက်​​ဒေါသထွက်​ပြီးတဲ့
နောင်​အခါကာလမှာ​တော့ -
ဆင်းရဲ​တဲ့အကျိုး​ပေး​တွေကို ခံစားရတာဟာ
အရင်းအမြစ်​မှာ ​နောက်​ဆုံးမှာ
သေ​စေတဲ့ အဆိပ်​​​တွေ အဆိပ်​ခါး​တွေရှိတယ်​ လို့
ဥပမာအ​နေနဲ့ ​​ဟော​ဖော်​ညွှန်​ပြထားတာပဲဖြစ်​ပါတယ်​ ။ _______ ။

ပါဠိ + မြန်​မာ
_________

ဂေါတမ ____ ​ဂေါတမနွယ်​ဖွား အိုအရှင်​ဘုရား
ကိံသု  _____ ဘယ်​အရာကို
ဆေတွာ ____ ဖြတ်​​တောက်​ပစ်​လို့
သုခံ ​သေတိ _ စိတ်​လက်​ချမ်းသာ​စွာ အိပ်​စက်​ရပါမလဲ ၊

ကိံသု ________ဘယ်​အရာကို
ဆေတွာ ______ ဖြတ်​​တောက်​လိုက်​လို့
န ​သောစတိ ____​သောကကင်းကင်း​နေရပါမလဲ ၊

ကိဿ ဧကဓမ္မဿ _____ ဘယ်​တရားတစ်ခုကို
ဝဓံ __________ ပယ်​သတ်​လိုက်​တာကို
ရောစတိ _______ နှစ်​သက်​သ​ဘောကျပါသလဲ ။ _____ ။

ဒေဝ​တေ _______ နတ်​သား
ကောဓံ ________ အမျက်​​ဒေါသကို
ဆေတွာ _______ ဖြတ်​​တောက်​ပစ်​လိုက်​ရင်
သုခံ ​သေတိ ____ စိတ်​လက်​ချမ်းသာစွာ အိပ်​စက်​ရပါတယ်​ ။

ကောဓံ _______ အမျက်​​ဒေါသတရားကို
ဆေတွာ ______ ဖြတ်​​တောက်​ပစ်​လိုက်​ရင်
န ​သောစတိ ___ စိုးရိမ်​​သောကမရှိ​တော့ပါ ၊

ဝိသမူလဿ ___ အရင်း အမြစ်​မှာ အဆိပ်​ရှိတဲ့
မဓုရဂ္ဂဿ _____ အဖျားမှာ ချိုမြိန်​တဲ့
ကောဓ _______ အမျက်​​ဒေါသကို
ဝဓံ _________ ပယ်​သတ်​ပစ်​လိုက်​ခြင်းကို
အရိယာ _____ ဘုရားအစရှိတဲ့ သူ​တော်​​ကောင်း​တွေက
ပသံသန္တိ _____ ချီးမွမ်းကြပါတယ်​ ။
တံ ဟိ _______ အဲ့ဒီ ​ဒေါသကိုပဲ
ဆေတွာ ______ ဖြတ်​​တောက်​ပစ်​လိုက်​တဲ့အတွက်
န ​သောစတိ ___ စိုးရိမ်​​သောက မရှိ​တော့လို့ပါပဲ ။ ________ ။

ပါဠိ​တော်
______________

ကိံသု ​ဆေတွာ သုခံ​သေတိ ၊
ကိံသု ​ဆေတွာ န​ ​သောစတိ ။
ကိဿဿု ဧကဓမ္မဿ ၊
ဝဓံ ​ရော​စေသိ ​ဂေါတ​မာတိ ။ ________ ။

ကောဓံ ​ဆေတွာ သုခံ​သေတိ ၊
ကောဓံ ​ဆေတွာ န​ ​သောစတိ ။
ကောဓဿ ဝိသမူလဿ ၊
မဓုရဂ္ဂဿ ​ဒေဝ​​တေ ။
ဝဓံ အရိယာ ပသံသန္တိ ၊
တံ ဟိ ​ဆေတွာ န ​သောစတီတိ ။ _________ ။

#အဂ္ဂမာန်

စာကိုး -
သံယုတ္တနိကာယ်​ ၊ သဂါထာဝဂ္ဂသံယုတ်​ပါဠိ​တော်
ဒေဝတာသံယုတ်​ ၊ ​ဆေတွာဝဂ္ဂ ၊ ​ဆေတွာ သုတ္တ၊ ၃၈ ၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနိန္ဒယ - ပခုက္ကူမူ နိဿယသစ်
ပဋကတ်​အနှစ်​ချုပ်​ သံယုတ္တနိကာယ်
ဓမ္မာစရိယ ဦး​မောင်​​မောင်​​လေး ။

No comments:

Post a Comment