Monday, October 1, 2012

ယနေ့ ဖတ်စရာ၊ တွေးစရာ . . . .. . . .. . . . . . .




၁ ။ ကြက်ကအရင်လား ကြက်ဥက အရင်လား

ကြက်ကအရင်လား ကြက်ဥက အရင်လား။ ယင်းကဲ့သို့သော ပြဿနာများကို လူတွေ ရေးကြီးခွင် ကျယ်လုပ် ကြသည်။ကြက် က အရင်လား ကြက်ဥက အရင်လား ဆိုသည့်ပြဿနာကိုသိ၍လည်း ဘာလုပ်မည်နည်း။ ယင်းပြဿနာ၏ အဖြေ၌ မည်ကဲ့သို့သော အနှစ်သာရရှိသနည်း။ ယင်းပြဿနာ၏ အဖြေ ကိုသိရ၍ မိမိတို့ဘ၀၌ မည်ကဲ့သို့  သောတော်လှန်ပြောင်းလဲမှုမျိုး ပေါ်လာမည်နည်း။ သို့သော်လည်း ယင်းကဲ့သို့သော အနှစ်သာရမရှိသည့် ပြဿနာမျိုးနှင့် ပတ်သက်ပြီး အဖြေရှာကြသည့်နေရာ  ၌ ကျွမ်း ကျင်မှုရှိကြသည်။
ရွာတစ်ရွာသို့ ကျွန်ုပ် ဧည့်သည်အဖြစ် ရောက်ရှိသွားသည်။ ယင်းအချိန်၌ ရွာသားအဘိုး ကြီးနှစ်ယောက် ကျွန်ုပ်ကို လာတွေ့သည်။ အဘိုးကြီးနှစ်ယောက်က “ ဆရာကြီး လာမယ်ဆိုလို့ ကျုပ်တို့ စောင့်နေတယ်၊ ကျုပ်တို့ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေကြရတယ်။ ကျုပ်က “ဟိန္ဒူ” ၊ ကျုပ်နဲ့ ပါလာတဲ့သူက “ဂျိန်း” ဖြစ်တယ်၊ ဘုရားသခင်က ကမ္ဘာ လောက ဟာ ဖန်ဆင်းသလား၊ မဖန်ဆင်းဘူးလားဆိုတဲ့၊ ပြဿနာနဲ့ အချင်းများနေကြတယ်။ ကျုပ်နဲ့ ပါလာတဲ့ “ဂျိန်း”ဘာသာဝင်က ကမ္ဘာလောကဟာ ဘုရားသခင် ဖန်ဆင်းတာမဟုတ်ဘူး၊ ဘုရားသခင်တောင်မှ မရှိဘူး၊ ဖန်ဆင်းတဲ့လူမရှိရင် ဘယ်မှာဖန်ဆင်းထားတဲ့ အရာဝတ္ထုရှိမလဲ၊ ကမ္ဘာလောကဆိုတာ အစမသိတဲ့ အချိန်ကစပြီး ဖြစ်ပေါ်တာလို့ ဂျိန်းဘာသာဝင်ပုဂ္ဂိုလ်က ပြောတယ်၊ ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ ကျုပ်က ဂျိန်းဘာသာဝင်ပြောတာ လက်မခံဘူး။ ပြုလုပ်ဖန်ဆင်းတဲ့သူ မရှိဘဲနဲ့ ဘယလိုအရာဝတ္ထုမျိုးမှ ဖြစ်ပေါ်မလာဘူး။ နာရီရှိရင် နာရီလုပ်တဲ့လူ ရှိရမယ်။ အိုးရှိရင် အိုးထိန်းသည်ရှိရမယ်။ ပြုလုပ်သူရှိရမယ်။ ဘုရားသခင်ဆိုတာ မမြင်ရပေမယ့် ရှိနေတယ်။ နေရာအနှံ့အပြားမှာ ဘုရားသခင်ရှိနေတယ်။ ကျုပ်တို့နှစ်ဦး အငြင်းအခုံဖြစ်လာခဲ့တာ ကြာပြီ၊ အဖြေမရကြဘူး၊ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး ဆရာကြီးဖြေရှင်းပေးပါ။
          ကျွန်ုပ်ကပြောလိုက်သည်။ “ဒီပြဿနာ ဖြေရှင်းပေးလိုက်လို့ကော ဘာဖြစ်လာမှာလဲ၊ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းတယ်ဆိုရင် ခင်ဗျားတို့ ဘာလုပ်ကြမှာလဲ၊ အဲဒီလိုမှမဟုတ်ဘဲ ကမ္ဘာလောကဟာ ဘုရားသခင် ဖန်ဆင်းတာမဟုတ်ဘဲ ကျုပ်တို့မသိတဲ့ အချိန်ကတည်းကရှိလာခဲ့တယ် ဆိုရင်လည်း ဘာလုပ်ကြမှာလဲ၊ အဲဒီပြဿနာနဲ့ ပတ်သက်ပြီး ဘာကြောင့်အချိန်ဖြုန်းနေကြတာလဲ၊ အဲဒီလို အကျိုးမရှိ အချည်းအနှီးဖြစ်တဲ့၊ ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားတာဟာ ယားလို့ကုတ်တာနဲ့ ဘာမှမထူးဘူး၊ ယားလို့ ကုတ်ရင် ပိုပြီးတောင် ယားလာလိမ့်မယ်၊ ယာလို့ ကုတ်တဲ့အခါမှာ ခံလို့ကောင်းသလိုလိုတော့ ဖြစ်လိမ့်မယ်။”
          ဗုဒ္ဓလက်ထက်က ဗုဒ္ဓထံသို့ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး မေးဖို့လာတဲ့အခါ ဗုဒ္ဓကပြဿနာမေးဖို့ လာသူအား “အဲဒီ ပြဿနာအဖြေရလို့ဘာလုပ်မှာလဲဆိုတာ အရင်ပြောပြပါ၊ အဲဒီလိုမှမဟုတ်ရင် ငါဘုရားအချိန်ကိုဖြုန်းတီးမပစ်ချင်ပါနှင့်၊ အဲဒီပြ ဿနာရဲ့ အဖြေရရင် သင့်အနေနဲ့ လွတ်ငြိမ်းမှုရရှိလာမှာလား၊ မောက္ခရရှိလျွှာာလား၊ ဆင်းရဲဒုက္ခ လွတ်မြောက်လာမှာလား၊ဒုက္ခ ချုပ်ငြိမ်းခြင်း ဖြစ်မှာလား” ဟူ၍ မေးမြန်းဖို့လာသူအား အဖြေတောင်းလေ့ရှိသည်။
          ကမ္ဘာလောကကို ဘုရားသခင်ဖန်ဆင်းသလား၊ မဖန်ဆင်းဘူးလားဆိုသည့် မေးခွန်းနှစ်ခုသည် ဒဂါင်္းပြား၏ ခေါင်းနှင့်ပန်း ဖြစ်သည်။ ဒင်္ဂါး၏ခေါင်းဘက်ကို အရင်တွေ့သလား၊။ ဒါမှမဟုတ် ပန်းဘက်ကို အရင်တွေ့သလားဆိုတဲ့ မေးခွန်းအတိုင်းဖြစ်သည်။
              ဒဂါင်္းတစ်ပြား၏ ခေါင်းဘက်အပိုင်းကို အရင်လုပ်သလား။ပန်းဘက်ကို အရင်လုပ်သလားဆိုသည့် ပေါ်လာစရာ မလိုပေ။ ဒဂါင်္း၏ ခေါင်းပိုင်းနှင့် ပန်းပိုင်းကို တစ်ပြိုင် နက် တည်းတွေ့ရခြင်းဖြစ်သည်။ မည်သည့်အရာက ရှေ့ ဖြစ်ပြီး မည်သည့်အရာက နောက်ဖြစ် သည်ကို ပြဿနာဖြစ်စရာမလိုပေ။ ကြက်က အရင်စသလား၊ ကြက်ဥကအရင်စသလားဟူသည်နှင့် ပတ်သက်၍လည်း ပြဿနာဖြစ်စရာ မလိုပေ။ ယင်းကဲ့သို့သော အကျိုးမရှိသည့် အနှစ်သာရမရှိသည့် ပြဿနာမျိုးနှင့် ပတ်သက်ပြီး အချိန်ကုန်လူ ပမ်း ဖြစ်နေစရာမလိုပေ။ လူ့ဘ၀၌ အခြားအရေးကြီးသော၊ အနှစ်သာရရှိသော အလုပ်များ များစွာရှိသည်။ အရေးမကြီးသော၊ အနှစ်သာရ မရှိသော ပြဿနာများကို ရေးကြီးခွင်ကျယ် လုပ်မနေဘဲ အရေးကြီးသော၊ အနှစ်သာရ ရှိသော ပြဿနာများကိုသာ ဖြေရှင်းဖို့ ကြိုးစားသင့်သည်။
                                                                                 ရည်ညွှန်း - - - ပါရဂူ
                                                                ဒဿန စာပဒေသာ စာအုပ်မှ


                            ၂ ။ ခြင်းတောင်းထဲက ကြက်

ရှေးဟောင်း ရုရှားပုံပြင်တစ်ခုရှိသည်။ ခြင်းကြီးတစ်ခုထဲက ကြက်များစွာတို့သည် အချင်းချင်း ခွပ်နေကြသည်။ အောက်ဘက်ရောက်နေသောကြက်က လေထဲတွင် အသက်ရှူရန်အတွက် အပေါ်ဘက်ရောက်နေသောကြက်ကို ထိုးဆိတ်ပြီး အပေါ်ဘက်ရောက်အောင် ကြိုးစားသည်။ ခြင်းထဲက ကြက်အားလုံး အစာမစားရသောကြောင့် ဗျာများနေကြသည်။
ထိုအခိုက် ကြက်သားသည်(သယ်) ဓားနှင့်ရောက်လာပြီး ခြင်းထဲက ကြက်တစ်ကောင်စီ တစ်ကောင်စီကို လည်ပင်းဆွဲ လျက် ခြင်းအပြင်ဘက် ဆွဲထုတ်လာပြီး ဓားနှင့်ခုတ်သတ်ပြီးနောက် ပစ်ချထားလိုက်သည်။
ဓါးနှင့်ခုတ်ထားသော ကြက်များ၏ကိုယ်က စီးကျလာသောသွေးများ စီးဆင်းသွားသည်။ ခြင်းထဲတွင် ကျန်ရှိခဲ့သော တခြားကြက်များသည် သူတို့၏ ၀မ်းမီးအပူငြိမ်းရန်အတွက် တစ်ကောင်နှင့် တစ်ကောင် ရန်ပြုနေကြသည်။ ကြက်သားသည် (သယ်)ကလည်း ခြင်းတောင်းထဲက ကြက်များကို တစ်ကောင်ပြီးတစ်ကောင် အပြင်ဘက်ထုတ်သတ်နေသည်။
ခြင်းတောင်းထဲ၌ ကျန်နေသောကြက်များသည် ကြက်အရေအတွက် နည်းသွားသည့်အတွက် ၀မ်းးသာအားရ တွန်နေကြ သည်။ နောက်ဆုံး၌ ခြင်းတောင်းထဲ က ကြက်အားလုံး ကြက်သားသည်(သယ်)၏ ဓားစာဖြစ်ကုန်ကြသည်။ကြက်တစ်ကောင်နှင့်
တစ်ကောင် ရန်ဖြစ်သံ ခွပ်သံလည်း မကြားရတော့ပေ။ တစ်ကောင်နှင့်တစ်ကောင် ထိုးဆိတ်ခြင်း နေရာယူခြင်းမျိုးလည်း မရှိတော့ပေ။
                                      ယင်းရုရှားပုံပြင်၏အမည်မှာ “ဘ၀”  ဖြစ်သည်။
ဘ၀ဟူသည်မှာ မည်သည့်အရာဖြစ်သနည်း။ ဘ၀ပိုင်ရှင်အားလုံးသေမင်းကို စောင့်နေကြရသည်။ ခဏတိုင်း ခဏတိုင်း၌
တစ်ယောက်ယောက်၏လည်ပင်း အဖြတ်ခံနေရသည်။သို့သော်လည်း လည်ပင်းအဖြတ်မခံရသေးသော သူများသည် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်နေကြသည်၊။ တစ်ဦးနှင့်တစ်ဦး အပြိုင်ဖြစ်နေကြသည်။ ခဏတစ်ဖြုတ်နေရသည့် အချိန်အတွင်း ယင်းခဏတစ်ဖြုတ်ကို အသုံးချတတ်ဖို့ လိုသည်။ မိမိတို့နေရသော ခဏတစ်ဖြုတ်ဘ၀ကို မည်သို့အသုံးချမည်နည်း။ မိမိတို့ ခဏတစ်ဖြုတ်နေရသော ဘ၀ကိုလုံခြုံစိတ်ချရေးအတွက် သတိပြုရလိမ့်မည်။
          တစ်နေ့ သေရမည်မှာ မလွဲမသွေဖြစ်မည်။ သေမင်းမလာဘဲ နေလိမ့်မည်မဟုတ်ပေ။ အဓိပ္ပါယ်တစ်မျိုးပြောရမည်ဆိုလျှင် သေမင်းရောက်လာပြီးပြီ။ အားလုံး “ကျူ” လုပ်နေကြသည်။ တန်းစီနေကြသည်။ သေမင်းဓားကိုင်ပြီး ရောက်လာလျက် လူအ ပေါင်တို့၏ လည်မျိုးကို ဓားနှင့်လှီးနေကြသည်။ ခဏတိုင်းခဏတိုင်း သေမင်း၏ဓားချက်ဖြင့် အသက်ထွက်နေကြသည်။ သေမင်း၏ဓားချက်နှင့်မတွေ့မီအချိန်အတောအတွင်း တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်။ တစ်ယောက်အပေါ် တစ်ယောက် ခွစီးနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် တွက်ပြီး ရှေ့တက်ဖို့ ကြိုးစားနေကြသည်။ တစ်ဦးထက်တစ်ဦး သာ သော ဂုဏ်သိက္ခါကိုလည်းကောင်း ရာထူးဋ္ဌာနန္တရကိုလည်းကောင်း ရဖို့အတွက် အပြိုင်အဆိုင်ဖြစ်နေကြသည်။ သို့သော်လည်း နောက်ဆုံးအချိန်၌ အားလုံး သေမင်း၏ ဓားစာ ဖြစ်သွားကြသည်။
                                                                                  ရည်ညွှန်း - - - ပါရဂူ
                                                                ဒဿန စာပဒေသာ စာအုပ်မှ

No comments:

Post a Comment