“သံဃာတော်များနေ့”
“ရဟန်းပြုခြင်း၏အကျိုး”ကို ဟောကြားသောနေ့ဖြစ်၍
တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟုလည်း
ခေါ်ဆိုနိုင်ပါသည်။ “သာမညဖလသုတ်”သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍
ကိုယ်ကျင့်သီလ ရှိသည်-မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။
သာမညဖလအခါတော်နေ့အကြောင်း
သိမှတ်ဖွယ် မြတ်စွာဘုရားရှင်ကအဇာတသတ်မင်း အား တန်ဆောင်မုန်းလပြည့်နေ့တွင် “သာမညဖလသုတ်”တရားတော်ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”ဟု
ခေါ်ပါသည်။ “သာမညဖလ”ဆိုသည်မှာ“ ရဟန်းပြုခြင်း၏အကျိုး”ဟုအဓိပ္ပါယ်ရပါသည်။“ရဟန်းပြုခြင်း၏အ
ကျိုး” ကိုဟောကြားသောနေ့ဖြစ်၍တန်ဆောင်မုန်းလပြည့်နေ့ကို“သံဃာတော်များနေ့”ဟုလည်းခေါ်ဆိုနိုင်ပါသည်။ “သာမညဖလသုတ်”သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလ
ရှိသည်-မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍
အပေါင်းအသင်းမှားပြီး ဖခင်ဖြစ်သူ “ဗိမ္ဗိသာရမင်းကြီး”ကို သတ်မိသောကြောင့်
ကံကြီးထိုက်ကာ အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။ ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ
“တိတ္ထိဆရာကြီး”ခြောက်ယောက်တို့ထံ
သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ)ကို မေးမြန်းရာ ကျေနပ်လောက်သော အဖြေကို
မရရှိခဲ့ပေ။ နောက်ဆုံးတွင် “သမားတော်ကြီး ဇီဝက”၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူထားသော
သရက်ဥယျာဉ်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး လျှောက်ထားသောအခါမှ
သူသိလိုသော “ရဟန်းပြုခြင်း၏အကျိုး” (သာမညဖလ)ကို သိရှိရပါသည်။ အဇာတသတ်မင်းသည်
“သာမညဖလသုတ်”တရားတော်ကို
ကြားနာရသည့်အချိန်မှစ၍ ဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်လာပြီးပုထုဇဉ်များထဲမှရတနာသုံးပါးကို“အကြည်ညိုဆုံးပုဂ္ဂိုလ်”တစ်ဦးဖြစ်လာပါသည်။အဇာတသတ်မင်းသည်“သာမညဖလသုတ်”တရားတော်ကို
ကြားနာရ၍ “မဟာအ၀ီစိငရဲ”တွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော “လောဟကုမ္ဘီငရဲ”၌သာ
ကျရောက်ပြီး နောင်သောအခါ “၀ိဇိတာဝီ”မည်သော “ပစ္စေကဗုဒ္ဓါ”ဖြစ်၍
ကျွတ်တမ်းဝင်ရပါလိမ့်မည်။ အဇာတသတ်မင်းသည်
(၁) ပထမသင်္ဂါယနာတင် ဒါယကာအဖြစ် ခံယူခဲ့ခြင်း၊
(၂) မြတ်စွာဘုရား၏ဓာတ်တော်များကိုစုဆောင်းသိမ်းဆည်း၍“ဓာတ်တော်တိုက်ကြီး”
တည်ထားခဲ့ခြင်း၊
(၃) “ဗုဒ္ဓသာသနာတော်နှစ်”ကိုအတိအကျသတ်မှတ်ခဲ့ခြင်း- ဟူသောသာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူးကြီးလှပါသည်။ “ပိဋကတ်တော်များ”ကို
မပျက် မစီးအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်းထားနိုင်ခြင်းမှာ“အဇာတ
သတ်မင်း၏ကျေးဇူး”ဟု
ဆိုထိုက်ပါသည်။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ “သီရိဓမ္မာသောကမင်းကြီး”က စေတီပေါင်းရှစ်သောင်းလေးထောင်
တည်ထားကာ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ကြည်ညိုခွင့်
ရရှိနေကြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့ “သာသနာတော်နှစ်”ကို
အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ “အဇာတသတ်မင်း၏ ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက် ဖြစ်၏”ဟု
ဆိုထိုက်ကြောင်း တင်ပြလိုက်ပါသည်။
(မာဂဓီ သာစည် ဆရာတော်၏ “အခါတော်နေ့များ” စာအုပ်မှ
ဖော်ပြပါသည်။)
No comments:
Post a Comment