Thursday, February 11, 2016

လူ့တုံးတိ ။ အရှင်သုဝိရ - မဟာဂန္ဓာရုံ



လူ့တုံးတိ

~~~~~~

နားထဲမှာ ကြား ၊ စကားများကို
ကြားကား ကြား၏ သူမသိ၊

မျက်စိနှစ်ကွင်း၊ အလင်းအာရုံ
မမှုံမဝါး၊ ကောင်းသ်ာငြားလည်း
ကြည့်ကား ကြည့်၏ မမြင်မိ၊

တရားထိုထို ၊ ဘယ်လိုပင် ဟော
ဘယ်လောက် ပြောလည်း
သဘောမမိ. ဉာဏ်မရှိ၍
ကောင်း၏ ဆိုး၏သူမသိ၊

ကြောင်း ကျိုးမညှိ
လူ့ တုံးတိ ။       ။

သုဏာတိ န ဝိဇာနာတိ, အာလောကေတိ န ပဿတိ၊
ဓမ္မသ္မိံ ဘညမာနသ္မိံ, အတ္ထံ ဗာလော န ဗုဇ္ဈတိ၊ ( သံ၊ ၁၊ ၂၀၀ )


ဘုရားဟောပါဠိတော်လာ ဒီပါဠိဂါထာ ကဗျာလေးကို
မြန်မာကဗျာအဖြစ် ပြန်လည်ခံစား ဖွဲ့ဆိုထားပါသည်။

အရှင်သုဝီရ ၊ မဟာဂန္ဓာရုံ
၂၈-၈-၂၀၁၃
u Thu Mu Kha facebook မှကူးယူသည် ။

No comments:

Post a Comment