Friday, March 27, 2015

ဘာဝနာအမြတ်ဆုံး ( မြန်မာပြန် )

ဘာ ၀ နာ အ မြ တ် ဆုံး
________________
အနာထပိဏ္ဍိက ကို ဘုရား ဒီလို ဟောတယ် ။
“ ရှေးတုန်းကပေါ့  အိမ့်ရှင်ရေ . . . .
ဝေလာမ မည်တဲ့ ဗြာဟ္မဏ ရှိခဲ့တယ် ။ သူ ဒီလို အလှူကြီး လှူတယ် ။
ငွေအပြည့် ရွှေခွက် ရှစ်သောင်းလေးထောင် လှူတယ် ၊
ရွှေအပြည့် ငွေခွက် ရှစ်သောင်းလေးထောင် လှူတယ် ၊
ရွှေတုံးအပြည့် ကြေးခွက် ရှစ်သောင်းလေးထောင် လှူတယ် ၊
ဆင် ရှစ်သောင်းလေးထောင် …………..
ရထား ရှစ်သောင်းလေးထောင် …………………
နို့စားနွားမ ရှစ်သောင်းလေးထောင် ………………..
မိန်းကလေး ရှစ်သောင်းလေးထောင် ………….
ပလ္လင် ရှစ်သောင်းလေးထောင် …………………..
အထည်စ ကုဋေကုဋာ . . . ထမင်း၊ ခဲဖွယ်၊ စားဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ်ကတော့ ဘယ်ပြောစရာ ရှိမလဲ ၊ မြစ်ရေ စီးသလို ထင်ရတယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ အမြင်နဲ့ ပြည့်စုံသူ(သောတာပန်) တစ်ဦးကို ကျွေးခဲ့ရင်၊
ဒီထက်ပို အကျိုးကြီးမယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ အမြင်နဲ့ ပြည့်စုံသူ(သောတာပန်) တစ်ရာကို ကျွေးတာထက်
သကဒါဂါမ် တစ်ဦးကိုကျွေးခဲ့ရင် ၊ ဒီထက် အကျိုးကြီးမယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ သကဒါဂါမ် တစ်ရာကို ကျွေးတာထက်၊ အနာဂါမ် တစ်ဦးကို
ကျွေးခဲ့ရင် ဒီထက်အကျိုးကြီးမယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ အနာဂါမ် တစ်ရာကို ကျွေးတာထက်၊ ရဟန္တာ တစ်ပါးကို
ကျွေးခဲ့ရင် ဒီထက်အကျိုးကြီးမယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ ရဟန္တာ တစ်ရာကို ကျွေးတာထက်၊ ပစ္စေကဗုဒ္ဓ တစ်ပါးကို
ကျွေးခဲ့ရင် ဒီထက်အကျိုးကြီးမယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ ပစ္စေကဗုဒ္ဓ တစ်ရာကို ကျွေးတာထက်၊ အရဟံ သမ္မာသမ္ဗုဒ္ဓတထာဂတ တစ်ပါးကို ကျွေးခဲ့ရင် ဒီထက်အကျိုးကြီးမယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ ဗုဒ္ဓ တစ်ပါးတည်းကို ကျွေးတာထက်၊ ဗုဒ္ဓအမှူးပြုတဲ့ ရဟန်းအဖွဲ့ကို ကျွေးတာ ၊ အရပ်လေးမျက်နှာက ရဟန်းအဖွဲ့ အတွက်ရည်စူးပြီး ကျောင်းဆောက်ရင် ၊ ဒီထက်အကျိုးကြီးတယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ ဗုဒ္ဓ တစ်ပါးတည်းကို ကျွေးတာထက်၊ ဗုဒ္ဓအမှူးပြုတဲ့ ရဟန်းအဖွဲ့ကို ကျွေးတာ ၊ အရပ်လေးမျက်နှာက ရဟန်းအဖွဲ့ အတွက်ရည်စူးပြီး ကျောင်းဆောက်တာထက် ၊ ကြည်ညိုတဲ့စိတ်နဲ့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ကို ကိုးကွယ်ရာရသွားရင်၊ ကြည်ညိုတဲ့စိတ်နဲ့ ငါးပါးသီလကို ထိန်းရင်၊ ဒီထက်အကျိုးကြီးတယ် ။
ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ ဗုဒ္ဓ တစ်ပါးတည်းကို ကျွေးတာထက်၊ ဗုဒ္ဓအမှူးပြုတဲ့ ရဟန်းအဖွဲ့ကို ကျွေးတာ ၊ အရပ်လေးမျက်နှာက ရဟန်းအဖွဲ့ အတွက်ရည်စူးပြီး ကျောင်းဆောက်တာထက် ၊ ကြည်ညိုတဲ့စိတ်နဲ့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ကို ကိုးကွယ်ရာရသွားရင်၊ ကြည်ညိုတဲ့စိတ်နဲ့ ငါးပါးသီလကို ထိန်းတာထက်၊ နံ့သာကိုလက်နဲ့ ယူသလောက် (နွားနို့တစ်ညှစ်စာ) မေတ္တာစိတ်ကို ပွားများရင် ၊ ဒီထက်အကျိုးကြီးတယ် ။

ဒီ ဝေလာမ ဗြာဟ္မဏ ဟာ အလှူကြီး လှူတာထက် ၊ ဗုဒ္ဓ တစ်ပါးတည်းကို ကျွေးတာထက်၊ ဗုဒ္ဓအမှူးပြုတဲ့ ရဟန်းအဖွဲ့ကို ကျွေးတာ ၊ အရပ်လေးမျက်နှာက ရဟန်းအဖွဲ့ အတွက်ရည်စူးပြီး ကျောင်းဆောက်တာထက် ၊ ကြည်ညိုတဲ့စိတ်နဲ့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ကို ကိုးကွယ်ရာရသွားရင်၊ ကြည်ညိုတဲ့စိတ်နဲ့ ငါးပါးသီလကို ထိန်းတာထက်၊ နံ့သာကိုလက်နဲ့ ယူသလောက် (နွားနို့တစ်ညှစ်စာ) မေတ္တာစိတ်ကို ပွားများတာထက်၊ လက်ဖျစ်တစ်တွက်လောက် မမြဲတဲ့ သဘောကို ပွားများရင် ။ ဒီထက်အကျိုးကြီးတယ် ။

        ဝေလာမသုတ္တ၊ ၂၀န၀က န်ပါတ၊ အင်္ဂုတ္တရနိကာယ
        ဗုဒ္ဓ ဓမ္မ လက်ရွေးစင်
    မောင်သာနိုး မြန်မာပြန် က ကူးပါတယ် ။

No comments:

Post a Comment