Thursday, March 26, 2015

ဘဒ္ဒေကရတ္တသုတ္တန်

    ဘဒ္ဒေကရတ္တ သုတ္တ
________________
( ကောင်းသောညပိုင်ရှင် )
___________________
အတီတံ နာနွာဂမေယျ ၊ နပ္ပဋိကင်္ခေ အနာဂတံ ။
ယဒတီတံ ပဟီနံတံ ၊ အပ္ပတ္တဉ္စ အနာဂတံ ။

ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ ၊ တတ္ထ တတ္ထ ၀ိပဿတိ ။
အသံဟီရံ အသံကုပ္ပံ ၊ တံ ၀ိဒွါ မနုဗြူဟယေ ။

အဇ္ဖေ၀ ကိစ္စမာတပ္ပံ ၊ ကောဇညော မရဏံသုဝေ ၊
န ဟိ နော သင်္ဂရံ တေန ၊ မဟာသေနေန မစ္စုနာ ။

ဧ၀ံ ၀ိဟာရိံ အာတာပိံ ၊ အဟောရတ္တမတန္ဒတံ ၊
တံ ဝေ “ ဘဒ္ဒေကရတ္တော” တိ ၊ သန္တော အာစိက္ခတေ မုနိ ။

အတီတံ ၊ အတိတ်ဖြစ်သော ၊
ယံ ၊ အကြင်ခန္ဓာငါးပါးသည် ၊
အတ္ထိ ၊ ရှိ၏ ။
တံ ။ ထိုအတိတ်ခန္ဓာငါးပါးသည်၊
( ယသ္မာ၊ အကြင်ကြောင့် ) ပဟီနံ၊ ချုပ်ပျောက်ပြီ ။
( တသ္မာ ၊ ထို့ကြောင့် ) အတီတံ၊ အတိတ်ဖြစ်သော ခန္ဓာငါးပါးသို့ ။
နာနွာဂမေယျ၊ (တဏှာ ဒိဋ္ဌိတို့ဖြင့် ) မလိုက်ရာ ။
အနာဂတံ ၊ အနာဂတ်ဖြစ်သော၊
ယံ ၊ အကြင် ခန္ဓာငါးပါးသည် ၊
အတ္ထိ၊ ရှိ၏ ။
တဉ္စ ၊ ထိုအနာဂတ်ဖြစ်သော ခန္ဓာငါးပါးသည်လည်း ၊
( ယသ္မာ၊ ကြောင့်)၊ အပ္ပတ္တံ ၊ မရောက်သေး ။ မဖြစ်ပေါ်သေး။
( တသ္မာ၊ ထို့ကြောင့် ) အနာဂတံ ၊ အနာဂတ်ဖြစ်သောခန္ဓာငါးပါးကိုလည်း၊
နပ္ပဋိကင်္ခေ ၊ ( တဏှာ ဒိဋ္ဌိတို့ဖြင့် မမျှော်လင့် ) မတောင့်တရာ ။

ယော ၀ိဒွါ ၊ အကြင်ပညာရှိသော ရဟန်းသည်၊
ပစ္စုပ္ပန္နံ ၊ ပစ္စုပ္ပန်ဖြစ်သော ၊
ဓမ္မဉ္စ ၊ ခန္ဓာငါးပါးတရားကိုသာလျှင်၊
တတ္ထ တတ္ထ ၊ ထိုထို ခဏ ထိုထိုတရားအစု၌ သာလျှင်၊
ဝိပဿတိ ၊ ရှု၏ ။
အသံဟီရံ ၊ တဏှာဒိဋ္ဌိတို့သည် မဆွဲငင်အပ်သော ။
အသံကုပ္ပံ ၊ ပျက်စီးခြင်းမရှိသော ၊
တံ ၊ ထိုဝိပဿနာဉာဏ်ကို ၊
( သော ၀ိဒွါ ၊ ထိုပညာရှိရဟန်းသည် )
အနုဗြူဟယေ ၊ ပွားများ ( အားထုတ် ) ရာ၏ ။


အဇ္ဇေ၀ ၊ ယနေ့ပင်လျှင်၊ အာတပ္ပံ ၊ လုံ့လကို ၊ ကိစ္စံ- ကာတဗ္ဗံ၊ ပြုအပ်၏ ။
ကော ၊ အဘယ်မည်သောသူသည် ။ သုဝေ ၊ မနက်ဖြန်ကျမှ ။
မရဏံ ၊ သေမည် ( ရှင်မည် )ကို ။
ဇညာ ၊ သိနိုင်ရာအံ့နည်း။ ဟိ ၊ မှန်၏ ။
နော ၊ ငါတို့အား ။
မဟာသေနေန ၊ များသောစစ်သည်ရှိသော ။
တေန မစ္စုနာ ၊ ထိုသေမင်း နှင့် အတူတကွ ။
သင်္ဂရံ ၊ ချိန်းချက်ထားခြင်းသည် ။ န ၊ မရှိ ။

ဧ၀ံ ၀ိဟာရိံ ၊ ဤသို့နေလေ့ရှိသော ။
အာတာပိံ ၊ ( ကိလေသာကို ပူပန်စေတတ်သော ) လုံ့လရှိသော ။
အဟောရတ္တံ ၊ နေ့ညဥ့်ပတ်လုံး ။
အတန္ဒိတံ ၊ မပျင်းမရိသော ။ တံ ၊ ထို ပုဂ္ဂိုလ်ကို ။
ဘဒ္ဒေကရတ္တောတိ ၊ ဘဒ္ဒေကရတ္တ ကောင်းသောညပိုင်သူပုဂ္ဂိုလ် ဟူ၍ ။
သန္တော ၊ ငြိမ်းအေးတော်မူပြီးသော ။
မုနိ ၊ မြတ်စွာဘုရားသည် ။ အာစိက္ခိတေ ၊ ဟောကြားတော်မူ၏ ။

ဥပရိပဏ္ဏာသ ပါဠိတော် ။ ၀ိဘင်္ဂ၀ဂ် ။

ကောင်းသောည ပိုင်ရှင်

အတိတ်ကို ပြန်မလိုက်ရဘူး၊
အနာဂတ်ကို မမျှော်ရရဘူး။

အတိတ်က ပယ်ခဲ့ရပြီလေ၊
အနာဂတ်က မရောက်ရသေး ။

ခုဖြစ်နေတဲ့ အကြောင်းကိုသာ၊
ဒီမှာ ဒီမှာ ရှုမြင်ပါစေ ။

မယိမ်းမယိုင် မတိမ်းမစောင်း
ဒါ ပညာနဲ့ ပွားစေရမယ် ။

ကနေ့ပဲ လုပ်စရာ လုပ်ရမယ် ၊
ဘယ်သူ သိမလဲ နက်ဖြန် သေမှာ ။

သူနဲ့ စကားဆိုမထားဘူး ၊
သေမင်း နဲ့ သူ့ စစ်တပ်ကြီးနဲ့ ။

ဒီလို လုံ့လ နဲ့ နေသူကို
“ ကောင်းမွန်ည တစ်ည ” ရသူလို့
ငြိမ်းချမ်း မုနိက ခေါ်ထားတယ် ။

     ဘာသာပြန် - မောင်သာနိုး
ဤသုတ္တန် တစ်ခုလုံးကိုလည်း
ဆက်လက်ဖေါ်သွားပါမည် ။

No comments:

Post a Comment