Sunday, March 29, 2015

စရိယသုံးပါး

စရိယသုံးပါး


(၁) လောကတ္ထစရိယာ (လောကအားလုံးရှိ ကမ္ဘာသူကမ္ဘာသားအားလုံး၏ အကျိုးကို ဖြည့်ဆည်းခြင်း။)
စရိယာဆိုတာကျင့်စဉ်ပါ။ ဗုဒ္မဟာ မိမိကိုယ်တိုင် ကျင့်စဉ်၃ပါးကိုလည်း  အားထုတ်ကျင့်ကြံခဲ့ သူဖြစ်ပါတယ်။  တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူတို့ မှာ ခေါင်းဆောင်ကောင်းလက္ခဏာနှင့်ပြည့်စုံဖို့ လိုအပ်ကြောင်းကို  လောကတ္ထစရိယာ  ဆိုတဲ့  ကျင့်စဉ်အကြောင်းခုလို ပုံပြပြောဆိုခဲ့ ဖူးတယ်။
ရှေး ရှေး ဘ၀ပေါင်းများစွာက ဘ၀တခုမှာ  ငါသည် ဗာရာဏသီမင်းကြီး၏့ သားတော်တပါးဖြစ်ခဲ့ တယ်လို့အစချီပြီးပြောပြခဲ့  ရာမှာ ..  ခမည်းတော်မင်းကြီး၏် နတ်ကိုးကွယ်မှု အယူဝါဒကို ငါ အိမ်ရှေ့မင်းသားလေးသည် မနှစ်မျို့ ဘူး။အမြဲ  စက်ဆုတ်ရွံရှာခဲ့  တယ်။တဲ့ ။  ခမည်းတော်ဘုရင်ကြီးက  သတ္တ၀ါတွေရဲ့   အသက်ပေါင်းများစွာကိုစုစည်း သတ်ဖြတ်ပြီးမှ ယစ်နတ်ပူဇော်ခြင်းပြုလုပ်တာကိုး။   ခမည်းတော်ရဲ့  အယူဝါဒကို နှစ်သက်လက်ခံခြင်းမရှိတဲ့  ငါဟာ  ငါဘုရင်ဖြစ်ရင် ဒီကိုးကွယ်မှုကို ချက်ခြင်း ချိုးနှိမ်ဖျက်ဆီးပြစ်မယ်ဆိုတဲ့  အသိတရားကို စွဲစွဲမြဲမြဲတေးမှတ်ထားခဲ့ တယ်။

ဒါကြောင့် ငါဟာ   ဥပါယ်တမည်နဲ့  မကြာခဏ ညောင်ပင် ကြီးတပင်မှာ ပန်းနံ့ သာ သွန်းလောင်းပြီး နတ်ကိုးချင်ဟန် ဆောင်တယ်။ အတန်ကြာတော့ ခမည်းတော် နတ်ရွာစံရော ဆိုပါတော့ ။ တနေ့  မူးမတ်တွေကို ပြောတယ် ။ ငါ ဟာ ညောင်ပင်စောင့်နတ်မင်းထံမှာ ငါဘုရင်ဖြစ်ရင် သူ့အသက်သတ်ပြီး ယစ်ပူဖော်ခြင်းအမှု ပြုသူ။ သူ့ဥစ္စာခိုးသူ ၊ လိမ်လည်ပြောဆိုသူ ၊ သေရည်ကျူးသူ။အိမ်ယာပြစ်မှားသူစသည်  လူပေါင်းတထောင်၏သွေးနှင့် နတ်မင်းကို ပူဇော်ပါမယ်လို့  စကားရှိခဲ့ တယ် ထိုလူတထောင် ရအောင်စည်လည်ရှာကြလို့  အမိန့် ထုတ်ပြန်တာပေါ့ ။( စည်လည်ရှာတယ်ဆိုတာက  မောင်းထမ်းပြီး တိုင်းသူပြည်သား လူအများတို့ လေး….ဒူ  ဟူ  ..ဟူ… ဆိုပြီးလှည့်တာ)
အဲဒီလို လှည့်လည်ရှာဖွေရာမှာ တယောက်မှအသက်သတ်သူ  ထွက်မလာရဲကြဘူးနောင်အခါမှာလည်း သူတပါးအသက်သတ် ယစ်ပူဇော်ခြင်းအမှု တဦးတယောက်မှ မပြုရဲ ကြတော့ဘူး တဲ့ ။ အားလုံး လူ့ အသက်သွေးဖြင့် ယစ်နတ်ပူဇော်ခြင်းအမှုကိုဝေးစွာ  ရှောင်ကျဉ်ကုန်ကြတယ် ။ တတိုင်းတပြည်လုံး ကမ္ဘာသူကမ္ဘာသားအားလုံး  ကိုယ်ကျင့်တရားကောင်းမွန်ပြီး တိုင်းပြည်ဝပြောသာယာခဲ့ တယ် တဲ့ ။ ဒါဟာ တိုင်းသူပြည်သားတွေကို ဥပါယ်တမည်နဲ့  ညောင်စောင့်နတ်ကို ကိုးကွယ်ဟန်ပြုပီး မိမိလိုရာ သိမ်းသွင်းလိုက်ခြင်းပါဘဲ ။အယူမှားကို ပယ်ဖျက်စေခြင်းလဲဖြစ်တယ်။ သတ္တ၀ါအားလုံးရဲ့  အကျိုးကို မျှော်ကိုးပြီးအမျှော်အမြင်ရှိရှိ ပြုမူလိုက်တာမို့  လောကအားလုံး သတ္တ၀ါအားလုံးရဲ့  အကျိုးကို သည်ပိုးထမ်းရွက်ခြင်းမည်တယ်။ ဒါကို “ လောကတ္ထစရိယာ “  လောကအကျိုးကို သည်ပိုးဆောင်ရွက်ခြင်းခေါ်တယ်။ ဗုဒ္မဖြစ်စဉ်တော်တွေထဲ မှာ ဒီလိုမျိုး များစွာရှိပါသေးတယ်။
(၂) ညာတတ္ထစရိယာ (မျိုးနွယ်ကို စောင့်ရှောက်ခြင်း။)
မဟော်သဓာဇာတ်မှာ  ၀ိဒေဟရာဇ်မင်းကြီးနဲ့  ပဉ္စလစန္ဒီမင်းသမီးတို့ ကိုဥမင်လှိုဏ်ခေါင်းတွေထဲကနေ  ကယ်ထုတ်အပြီး ဘုရင်နှင့်အတူ ကိုယ်လွတ်ရုန်း  လိုက်ပါရှောင်တိမ်းခြင်းမရှိဘဲ   “ စစ်သည်အပေါင်း၏ဥသျှောင်ဖြစ်တဲ့ မဟော်သဓာ ဟာ ငယ်သားတွေနဲ့  သေအတူ ရှင်အတူ ရှိခဲ့ ပါတယ်။
ဘုရားလောင်း မျောက်မင်းဘ၀မှာ လည်း မျောက် ရှစ်သောင်းရဲ့  အသက်ကိုကိုယ်တော်တိုင်  အသေခံပြီး ကယ်တင်ခဲ့  ဖူးတယ်။အန္တရယ်ကို မမြင်တဲ့  မျောက်အကောင်ရှစ်သောင်းဟာ သရက်သီးတွေကို စားသုံးကြရာမှာ အရသာထူးကဲတဲ့  သရက်တွေကို ဖျက်ဆီးပြစ်ရမလားဆိုပြီး ဘုရင့် မူးမတ်စစ်သားတွေက မျောက်တွေကို သတ်ပြစ်ဖို့ လာကြတာကိုး။ ဂင်္ဂါမြစ်ကို ခုန်ကူးရမှ တဘက်ကမ်းရောက်မှာမို့ ဘုရားလောင်းမျောက်မင်းက ကျောခင်းပေးခဲ့ရတယ်။ ဘုရားလောင်းမျောက်မင်းရဲ့  ကျောကို နင်းပြီး ခုန်ခုန်ကူးရတာကြောင့်  မျောက်ရှစ်သောင်းရဲ့ ဒါဏ်နဲ့  ဘဲ မျောက်မင်းကွယ်လွန်ခဲ့  ပါတယ်။မျောက်ရှစ်သောင်းကတော့ လွတ်မြောက်သွားခဲ့ ပါတယ်။
ဒါဟာ မျိုးနွယ်ကို အသက်ပေး စောင့်ရှောက်ခြင်းဖြစ်လို့  “ ညာတတ္ထစရိယာ “ လို့  ခေါ်တယ်။ဒါဟာ ဥပမာ တခုပါ ။ဒီလို စောင့်ရှေက်မှုမျိုး အများကြီးရှိပါသေးတယ်။

၃ ဗုဒ္မတ္ထစရိယာ (ဗုဒ္မဖြစ်ရန် ကျင့်စဉ်များကို ကျင့်ကြံအားထုတ်ခြင်း)
ဗုဒ္မ ဘုရားဖြစ်ရန် ကျင့်စဉ်တွေက များလွန်းပါတယ် ။ ဘုရားဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။၂၆သင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ရတဲ့ ဘုရားလဲ ရှိတယ်။ လေးသင်္ချေနဲ့  ကမ္ဘာတသိန်းပါရမီဖြည့်ရတဲ့  ဘုရားလည်းရှိပါတယ်။ ဒါနပါရမီ။ ၀ီရိယပါရမီ။ခန္ဒီပါရမီ။ဥပက္ခာပါရမီစသည်  ပါရမီ အများအပြား ရှိပါသေးတယ်။ လူသာမန်တွေ ဖြည့်ဆည်းမရနိုင်တဲ့ ပါရမီပါ။ ဒါလဲ ပြောပြချင်သေးတာပါ။ တခြားဘုရားဟော ပုံပြင်တွေလဲ ပြောချင်သေးတာ။ ပြောချင်တာတွေ များလွန်းလို့  မပြောဖြစ်
ခဲ့ ပြန်ဘူး။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်ရာ့ ဂေါတမဗုဒ္မဆိုရင် နောက်ဆုံးဘ၀မှာကို ၆နှစ် ထပ်မံကျင့်ကြံအားထုတ်ရပါတယ်။
 ဗုဒ္မဘာသာဆိုတာ အမြဲ ကျင့်ကြံအားထုတ်နေရတာမျိုးပါ။ ဆုတောင်းတိုင်းရတာမျိုး မဟုတ်ပါဘူး။ ဆုတောင်းခြင်းဟာ အထောက်အပံ့ပေးတာတော့ မှန်ပါတယ်။ အပြည့်အ၀ရနိုင်ဖို့ က ကျင့်စဉ်တွေကို အားကိုးရမှာပါဘဲ။ ဒါပေမဲ့  တကူးတက ကျင့်မှ ရယ်လို့  မဟုတ်ပါဘူး။ နေ့စဉ် လူမှု ၀တ္တရားတွေ ဆောင်ရွက်လုပ်ကိုင်ရင်းနဲ့  ဘုရားအကြိုက် ကောင်းတာလုပ်မကောင်းတာရှောင် ဆိုရင် ဘဲ တော်တော်လေးဖူလုံနေပါပြီ   ။

No comments:

Post a Comment