Saturday, April 4, 2015

အနတ္တလက္ခဏ သုတ် ပါဠိ+ မြန်မာ

     
  

     အနတ္တ-လက္ခဏ သုတ္တ  

( အတ္တ မဟုတ်တဲ့ အမှတ်အသား )


ဧ၀ံ မေ သုတံ ။ ဧကံ သမယံ ဗာရာဏသိယံ ၀ိဟရတိ ဣသိပတနေ မိဂဒါယေ ။
ဒီလို ငါ ကြားဖူးတယ် ။ တခါတော့ မြတ်စွာဘုရားဟာ ဗာရာဏသီမှာ နေတော်မူတယ် ရသေ့ဆင်းတဲ့ ဘေးမဲ့တောမှာပ ။

တာတ ခေါ ဘဂ၀ါ ပဉ္စ၀ဂ္ဂီယေ ဘိက္ခူ အာမန္တေသိ - “ ဘိက္ခဝေါ ” တိ ။
အဲဒီတုံးက မြတ်စွာဘုရားက ငါးဦးအစု ရဟန်းတို့ကို ခေါ်တော်မူတယ် ။ “ ရဟန်း တို့ ” တဲ့ ။

“ ဘဒန္တေ ” တိ တေ ဘိက္ခူ ဘဂ၀တော ပစ္စေဿာသုံ ။ ဘဂ၀ါ ဧတ ဒဝေါစ -
 “ အရှင်ဘုရား ” လို့ အဲဒီရဟန်းတွေက မြတ်စွာဘုရားကို ပြန်ကြားကြတယ် ။ မြတ်စွာဘုရားက ဒီလိုမိန့်တယ် ။

“ ရူပံ ဘိက္ခဝေ အနတ္တာ ။
ရုပ်ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။

ရူပဥၥ ဟိဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ၊ န ယိဒံ ရူပံ အာဗာဓာယ သံ၀ေတၱယ် ၊
ရုပ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ရုပ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊

လဗ္ဘေထ စရူပေ “ ဧ၀ံ မေ ရူပံ ဟောတု ၊ ဧ၀ံ မေ ရူပံမာ အဟောသီ ” တိ ။
“ ဒီလို ငါ့ မှာ ရုပ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ် မဖြစ်နဲ့ ” လို့ ရုပ်မှာ ပြောလို့ ရမှာပေါ့  ။ ”

“ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ ၊
“ ရုပ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ရုပ်မှာ နာတာ ဖြစ်တယ် ။

န စ လဗ္ဘတိ ရူပေ “ ဧ၀ံ မေ ရူပံ ဟောတု ၊ ဧ၀ံ မေ ရူပံ မာ အဟောသီ ” တိ ။
ဒီလို ငါ့  မှာ ရုပ်ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ်မဖြစ်နဲ့ လို့ ” ရုပ်မှာ ပြောလို့ မရတာ ဖြစ်တယ် ။

“ ဝေဒနာ ဘိက္ခဝေ အနတ္တာ . . . . . . . . .
ခံစားမူ ဝေဒနာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
“ သညာ ဘိက္ခဝေ အနတ္တာ . . . . . . . . . မှတ်သားမူ သညာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
“ သင်္ခါရာ ဘိက္ခဝေ အနတ္တာ . . . . . . . . . သင်္ခါရတွေ(ပြုပြင်မူတွေ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
“ ၀ိညာဏံ ဘိက္ခဝေ အနတ္တာ . . . . . . . . ။
ဝိညာဉ် ( အသိစိတ် ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။

၀ိညာဏဥၥ ဟိ ဒံ ဘိကၡေ၀ အတၱာ အဘ၀ိႆ ၊ န ယိ ဒံ ၀ိညာဏံ အာဗာဓာယ သံ၀ေတၱယ် ။
ဝိညာဉ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ၀ိညာဉ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊

လဗ္ဘေထ စ ၀ိညာဏေ “ ဧ၀ံ မေ ၀ိညာဏံ ဟောတု ။ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ ”တိ ။
“ ဒီလို ငါ့ မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ ” လို့ ၀ိညာဉ်မှာ ပြောလို့ ရမှာပေါ့  ။ ”

“ ယသ္မာ စ ခေါ ဘိက္ခဝေ ၀ိညာဏံ အနတ္တာ ။ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ ၊
“၀ိညာဉ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ၀ိညာဉ် မှာ နာတာ ဖြစ်တယ် ။

န စ လဗ္ဘတိ ၀ိညာဏေ “ ဧ၀ံ မေ ၀ိညာဏံ ဟောတု ၊ ဧ၀ံ မေ ၀ိညာဏံ မာ အဟောသီ ” တိ ။
ဒီလို ငါ့  မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ လို့ ” ၀ိညာဉ် မှာ ပြောလို့ မရတာ ဖြစ်တယ် ။

“ တံ ကိံ မညထ ဘိက္ခဝေ ရူပံ နစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ ။
ဒါ ဘယ်လိုထင်ကြလဲ ရဟန်းတို့ ။ ရုပ်ဟာ မြဲသလား မမြဲဘူးလား ။

“ အနိစ္စံ ဘန္တေ ။ ”
မမြဲပါ အရှင်ဘုရား ။

“ ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါ ” တိ ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။

“ ဒုက္ခံ ဘန္တေ ။ ”
ဆင်းရဲပါ အရှင်ဘုရား ။

“ ယံ ပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမ - ဓမ္မံ၊ ကလ္လံ နု သမနုပဿိတုံ - “ ဧတံ မမ ၊ ဧသော ဟ မသ္မိ ၊ ဧသော မေ အတ္တာ ” တိ ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။

“ နော ဟေ တံ ဘန္တေ ” ။
မသင့်တော်ပါ အရှင်ဘုရား ။

“ ဝေဒနာ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
 “ ခံစားမှု (ဝေဒနာ ) မြဲသလား မမြဲဘူးလား . . . .
“ သညာ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
သညာ မြဲသလား မမြဲဘူးလား . . . . . .
“ သင်္ခါရာ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
သင်္ခါရတွေ မြဲသလား မမြဲဘူးလား . . . . .
“ ၀ိညာဏံ နိစ္စံ ၀ါ အနိစ္စံ ၀ါ ” တိ . . . . . . .
ဝိညာဉ် မြဲသလား မမြဲဘူးလား . . . . .
“ အနိစ္စံ ဘန္တေ ။ ”
မမြဲပါ အရှင်ဘုရား ။

“ ယံ ပနာ နိစ္စံ ဒုက္ခံ ၀ါ တံ သုခံ ၀ါ ” တိ ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။

“ ဒုက္ခံ ဘန္တေ ။ ”
ဆင်းရဲပါ အရှင်ဘုရား ။



 “ ယံပနာ နိစ္စံ ဒုက္ခံ ၀ိပရိဏာမ - ဓမ္မံ ကလ္လံ နု တံ သမနုပဿိတုံ - “ ဧတံ မမ ၊ ဧသော ဟ မသ္မိ ၊ ဧသော မေ အတ္တာ ” တိ ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။

“ နော ဟေ တံ ဘန္တေ ” ။
မသင့်တော်ပါ အရှင်ဘုရား ။

“ တသ္မာ တိ ဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာ နာဂတ ပစ္စုပ္ပန္နံ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ သြဠာရိကံ ၀ါ သုခုမံ ၀ါ
ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ၀ါ ၊ သဗ္ဗံ ရူပံ “ နေ တံ မမ၊ နေ သော ဟ မသ္မိ၊ န မေသော အတ္တာ ” တိ ။
ဧ၀ မေတံ ယထာ ဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ။
ဒါ့ ကြောင့် ရုပ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်း ဖြစ်ဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။

“ ယာ ကာစိ ဝေဒနာ . . . . . .
ဝေဒနာ မှန်သမျှ . . . . . . .
 “ ယာ ကာစိ သညာ . . . . . .
သညာ မှန်သမျှ . . . . . . .
“ ယေ ကေစိ သင်္ခါရာ . . . . . .
သခါၤရ မွန္သမွ် . . . . . . .
“ ယံ ကဥၥိ ၀ိညာဏံ အတီတာ နာဂတ ပစၥဳပၸႏၷံ အဇၥ်တၱံ ၀ါ ဗဟိဒၶါ ၀ါ ၾသဠာရိကံ ၀ါ သုခုမံ ၀ါ
ဟီနံ ၀ါ ပဏီတံ ၀ါ ယံ ဒူရေ သန္တိကေ၀ါ ၊ သဗ္ဗံ ၀ိညာဏံ “ နေ တံ မမ၊ နေ သော ဟ မသ္မိ၊ န မေသော အတ္တာ ” တိ ။
ဧ၀ မေတံ ယထာ ဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ။
ဝိညာဉ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်းဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။

“ ဧ၀ံ ပဿံ ဘိက္ခဝေ သုတ၀ါ အရိယ- သာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ ၊ ဝေဒနာ ယ ပိ နိဗ္ဗိန္ဒိတိ ၊ သညာယ ပိ နိဗ္ဗိန္ဒတိ၊
သင်္ခါရေသု ပိ နိဗ္ဗိန္ဒတိ၊ ၀ိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒိ ၊ နိဗ္ဗန္ဒံ ၀ိရဇ္ဇတိ ၊ ၀ိရာဂါ ၀ိမုစ္စတိ၊ ၀ိမုတ္တသ္မိံ “ ၀ိမုတ္တ ” မီတိ ဉာဏံဟောတိ ။
ဒီလိုမြင်တဲ့ အခါ ရဟန်းတို့ ၊ သင်ကြားထားတဲ့ အရိယာ တပည့်ဟာ ရုပ်မှာလည်း ငြီးငွေ့တယ် ၊ ဝေဒနာမှာလည်းငြီးငွေ့တယ် သညာမှာလည်း ငြီးငွေ့တယ် ။ သင်္ခါရ မှာလည်း ငြီးငွေ့တယ် ။ ၀ိညာဉ် မှာလည်း ငြီးငွေ့တယ်၊ ငြီးငွေ့တော့ တပ်မှု ကင်းတယ် ၊
တပ်မှု ကင်းတော့ လွတ်မြောက်တယ်၊ လွတ်မြောက်တော့ “ ဒါ လွတ်မြောက်တာပဲ ” လို့ အသိဖြစ်ပေါ်တယ် ။

“ ခီဏာ ဇာတိ ၊ ၀ုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ ၊ နာ ပရံ ဣတ္ထတ္တာယာ “ တိ ပဇာနာတီ” တိ ။
ကုန်ခမ်းပြီ၊ မွေးဖွားခြင်း၊ ကျင့်ပြီးပြီ၊ မြတ်တဲ့ အကျင့်၊ ပြုပြီးပြီ ပြုသင့်တာ ။ ဒီအဖြစ်အပြင် အခြား အဖြစ် မရှိတော့ပြီ လို့ သိသွားတယ် “ တဲ့ ။

ဣဒ မဝေါစ ဘဂ၀ါ ၊ အတ္တမနာ ပဉ္စ၀ဂ္ဂိယာ ဘိက္ခူ ဘဂ၀တော ဘာသိတံ အဘိနန္ဒုံ ၊။
ဒီလို မိန့်တော်မူရဲ့ မြတ်စွာဘုရား ၊ ကြည်နူးကာ ငါးဦး အစု ရဟန်းတို့က မြတ်စွာဘုရား ဟောတာကို နှစ်ခြိုက်ကြတယ်။

ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စ၀ဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ၀ိမုစ္စိံသူ တိ ။
ဒီဟောပြောချက် ဟောစဉ် ငါးဦးအစုရဟန်းတို့မှာ စွဲလမ်းမှုမရှိ အာသ၀တွေကနေ စိတ်တွေ လွတ်မြောက်ကုန်ကြတယ် ။

သံယုတ္တနိကာယ ။ ခန္ဓ၀ဂ္ဂသံယုတ္တ ၆ ၊ ၇ ။
ဝိနယ ပိဋက ။ မဟာဝဂ္ဂ ၆ ။
မောင်သာနိုး မြန်မာပြန်ပါတယ် ။

No comments:

Post a Comment