Saturday, April 4, 2015

အနတ္တလက္ခဏသုတ္တ မြန်မာပြန်

           အနတ္တလက္ခဏသုတ္တ

          ( အတ္တ မဟုတ်တဲ့ အမှတ်အသား )


ဒီလို ငါ ကြားဖူးတယ် ။ တခါတော့ မြတ်စွာဘုရားဟာ ဗာရာဏသီမှာ နေတော်မူတယ် ရသေ့ဆင်းတဲ့ ဘေးမဲ့တောမှာပ ။
အဲဒီတုံးက မြတ်စွာဘုရားက ငါးဦးအစု ရဟန်းတို့ကို ခေါ်တော်မူတယ် ။ “ ရဟန်း တို့ ” တဲ့ ။
“ အရှင်ဘုရား ” လို့ အဲဒီရဟန်းတွေက မြတ်စွာဘုရားကို ပြန်ကြားကြတယ် ။ မြတ်စွာဘုရားက ဒီလိုမိန့်တယ် ။
ရုပ်ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
ရုပ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ရုပ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊
“ ဒီလို ငါ့ မှာ ရုပ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ် မဖြစ်နဲ့ ” လို့ ရုပ်မှာ ပြောလို့ ရမှာပေါ့  ။ ”
“ ရုပ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ရုပ်မှာ နာတာ ဖြစ်တယ် ။
ဒီလို ငါ့  မှာ ရုပ်ဖြစ်စေ ။ ဒီလို ငါ့ မှာ ရုပ်မဖြစ်နဲ့ လို့ ” ရုပ်မှာ ပြောလို့ မရတာ ဖြစ်တယ် ။
ခံစားမူ ဝေဒနာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
. မှတ်သားမူ သညာ ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
သင်္ခါရတွေ(ပြုပြင်မူတွေ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
ဝိညာဉ် ( အသိစိတ် ) ဟာ အတ္တ မဟုတ်ဘူး ရဟန်းတို့ ။
ဝိညာဉ်သာ အတ္တ ဟုတ်ရင် ရဟန်းတို့ ၀ိညာဉ်မှာ နာတာရယ်လို့ မဖြစ်ပေဘူး ၊

“ ဒီလို ငါ့ မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ ” လို့ ၀ိညာဉ်မှာ ပြောလို့ ရမှာပေါ့  ။ ”
“၀ိညာဉ်ဟာ အတ္တ မဟုတ်လို့သာ ရဟန်းတို့ ။ ၀ိညာဉ် မှာ နာတာ ဖြစ်တယ် ။
ဒီလို ငါ့  မှာ ၀ိညာဉ် ဖြစ်စေ ။ ဒီလို ငါ့ မှာ ၀ိညာဉ် မဖြစ်နဲ့ လို့ ” ၀ိညာဉ် မှာ ပြောလို့ မရတာ ဖြစ်တယ် ။
ဒါ ဘယ်လိုထင်ကြလဲ ရဟန်းတို့ ။ ရုပ်ဟာ မြဲသလား မမြဲဘူးလား ။
မမြဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။
ဆင်းရဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။
မသင့်တော်ပါ အရှင်ဘုရား ။
 “ ခံစားမှု (ဝေဒနာ ) မြဲသလား မမြဲဘူးလား . . . .
သညာ မြဲသလား မမြဲဘူးလား . . . . . .
သင်္ခါရတွေ မြဲသလား မမြဲဘူးလား . . . . .
ဝိညာဉ် မြဲသလား မမြဲဘူးလား . . . . .
မမြဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတဲ့ဟာ ဆင်းရဲလား ချမ်းသာလား ။
ဆင်းရဲပါ အရှင်ဘုရား ။
အဲဒီလို မမြဲတာ ဆင်းရဲတာ ဖောက်ပြန်တတ်တဲ့ သဘောရှိတာကို “ ဒါ ငါ့ ဟာပဲ ၊ ဒါ ငါ ဖြစ်တယ် ။ ဒါ ငါ့  အတ္တပဲ ”လို့
ရှုမြင်လို့ သင့်တော် ပါ့ မလား ။
မသင့်တော်ပါ အရှင်ဘုရား ။
ဒါ့ ကြောင့် ရုပ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်း ဖြစ်ဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။
ဝေဒနာ မှန်သမျှ . . . . . . .
သညာ မှန်သမျှ . . . . . . .
သခါၤရ မွန္သမွ် . . . . . . .
ဝိညာဉ်မှန်သမျှ အတိတ် အနာဂတ် ပစ္စုပ္ပန် ၊ အတွင်းဖြစ် အပြင် ဖြစ်ဖြစ် ၊ ကြမ်းကြမ်း နုနု၊ ယုတ်ယုတ်မြတ်မြတ်
ဝေးဝေး နီးနီး ၊ ရုပ် အားလုံး က “ ဒါ ငါ့ ဟာ မဟုတ်ဘူး ၊ ဒါ ငါ မဟုတ်ဘူး ၊ ဒါ ငါ့ အတ္တ မဟုတ်ဘူး ” လို့ ဒီလိုဖြစ်ရှိနေတဲ့
အတိုင်း ပညာမှန် နဲ့ မြင်ရမယ် ။
ဒီလိုမြင်တဲ့ အခါ ရဟန်းတို့ ၊ သင်ကြားထားတဲ့ အရိယာ တပည့်ဟာ ရုပ်မှာလည်း ငြီးငွေ့တယ် ၊ ဝေဒနာမှာလည်းငြီးငွေ့တယ် သညာမှာလည်း ငြီးငွေ့တယ် ။ သင်္ခါရ မှာလည်း ငြီးငွေ့တယ် ။ ၀ိညာဉ် မှာလည်း ငြီးငွေ့တယ်၊ ငြီးငွေ့တော့ တပ်မှု ကင်းတယ် ၊
တပ်မှု ကင်းတော့ လွတ်မြောက်တယ်၊ လွတ်မြောက်တော့ “ ဒါ လွတ်မြောက်တာပဲ ” လို့ အသိဖြစ်ပေါ်တယ် ။
ကုန်ခမ်းပြီ၊ မွေးဖွားခြင်း၊ ကျင့်ပြီးပြီ၊ မြတ်တဲ့ အကျင့်၊ ပြုပြီးပြီ ပြုသင့်တာ ။ ဒီအဖြစ်အပြင် အခြား အဖြစ် မရှိတော့ပြီ လို့ သိသွားတယ် “ တဲ့ ။
ဒီလို မိန့်တော်မူရဲ့ မြတ်စွာဘုရား ၊ ကြည်နူးကာ ငါးဦး အစု ရဟန်းတို့က မြတ်စွာဘုရား ဟောတာကို နှစ်ခြိုက်ကြတယ်။
ဒီဟောပြောချက် ဟောစဉ် ငါးဦးအစုရဟန်းတို့မှာ စွဲလမ်းမှုမရှိ အာသ၀တွေကနေ စိတ်တွေ လွတ်မြောက်ကုန်ကြတယ် ။

      သံယုတ္တနိကာယ ။ ခန္ဓ၀ဂ္ဂသံယုတ္တ ၆ ၊ ၇ ။
       ၀ိနယ ပိဋက ။ မဟာဝဂ္ဂ ၆ ။
                  မောင်သာနိုး မြန်မာပြန်ပါတယ် ။



No comments:

Post a Comment