အဖျားသကာချို အရင်းမှာအဆိပ်ခါး
___________ ပယ်သတ်ရမယ့် တရား
___________________________
မေးခွန်း
_____________
စိတ်လက်ချမ်းသာစွာ အိပ်စက်ရဖို့
ဘာကို ဖြတ်တောက်ပစ်ရမလဲ ၊
စိုးရိမ်သောကကင်းဝေးစေဖို့ ဘယ်အရာကို
ဖြတ်တောက်ပစ်ရမလဲ ၊
ဘယ်အရာကို
အမြစ်ပြတ်ပယ်သတ် ဖြတ်တောက်ပစ်မှ
အရှင်ဘုရားက နှစ်သက်မှာပါလဲ ။ ___________ ။
အဖြေ
_________________
အမျက်ဒေါသကို
ဖြတ်တောက်ပစ်လိုက်ရင် -
စိတ်လက်ချမ်းသာစွာ အိပ်စက်ရပါတယ် ၊
အမျက်ဒေါသကို
ဖြတ်တောက်ပစ်လိုက်ရင်
စိုးရိမ်သောက ကင်းပါတယ် ၊
* အဖျားမှာသကာလိုချိုပြီး *
* အရင်းမှာ အဆိပ်လိုခါး * တဲ့
အမျက်ဒေါသတရားကို
ဖြတ်တောက်ပစ်လိုက်ရင်
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းများက
ချီးမွမ်းကြပါတယ် ၊
ဘာကြောင့်လဲဆိုတော့ -
ဒီအမျက်ဒေါသတရားကို
ဖြတ်တောက်ပစ်လိုက်မှ
စိုးရိမ်သောက လုံးဝကင်းဝေးရမှာမို့ ။ ___________ ။
* အဖျားသကာချို အရင်းမှာအဆိပ်ခါး * လို့
အမျက်ဒေါသတရား ကို
ဥပမာပေးရတာကတော့ -
ကိုယ့်ကို စိတ်ဆိုးသူကို ကိုယ်က ပြန်စိတ်ဆိုး
ကိုယ့်ကို ဆဲဆိုသူကို ကိုယ်က ပြန်ဆဲဆို
ကိုယ့်ကို ရိုက်နှက်သူကို ကိုယ်က ပြန်ရိုက်နှက်
အဲ့ဒီလို သူဆိုး ကိုယ်ဆိုး
သူဆဲ ကိုယ်ဆဲ
သူချ ကိုယ်ချ နဲ့
ကိုယ်က ပြန်လုပ်လိုက်ရတာကိုပဲ စိတ်ကျေနပ်ပြီး
စားဝင်အိပ်ပျော်တတ်တာမျိုးကို ရည်ရွယ်ပြီး -
အဖျားမှာ အစမှာ ချိုမြိန်တဲ့ သကာလူးထားတယ်လို့
ဥပမာပေးတာ ဖြစ်ပါတယ် ။
စိတ်ရှိလက်ရှိအမျက်ဒေါသထွက်ပြီးတဲ့
နောင်အခါကာလမှာတော့ -
ဆင်းရဲတဲ့အကျိုးပေးတွေကို ခံစားရတာဟာ
အရင်းအမြစ်မှာ နောက်ဆုံးမှာ
သေစေတဲ့ အဆိပ်တွေ အဆိပ်ခါးတွေရှိတယ် လို့
ဥပမာအနေနဲ့ ဟောဖော်ညွှန်ပြထားတာပဲဖြစ်ပါတယ် ။ _______ ။
ပါဠိ + မြန်မာ
_________
ဂေါတမ ____ ဂေါတမနွယ်ဖွား အိုအရှင်ဘုရား
ကိံသု _____ ဘယ်အရာကို
ဆေတွာ ____ ဖြတ်တောက်ပစ်လို့
သုခံ သေတိ _ စိတ်လက်ချမ်းသာစွာ အိပ်စက်ရပါမလဲ ၊
ကိံသု ________ဘယ်အရာကို
ဆေတွာ ______ ဖြတ်တောက်လိုက်လို့
န သောစတိ ____သောကကင်းကင်းနေရပါမလဲ ၊
ကိဿ ဧကဓမ္မဿ _____ ဘယ်တရားတစ်ခုကို
ဝဓံ __________ ပယ်သတ်လိုက်တာကို
ရောစတိ _______ နှစ်သက်သဘောကျပါသလဲ ။ _____ ။
ဒေဝတေ _______ နတ်သား
ကောဓံ ________ အမျက်ဒေါသကို
ဆေတွာ _______ ဖြတ်တောက်ပစ်လိုက်ရင်
သုခံ သေတိ ____ စိတ်လက်ချမ်းသာစွာ အိပ်စက်ရပါတယ် ။
ကောဓံ _______ အမျက်ဒေါသတရားကို
ဆေတွာ ______ ဖြတ်တောက်ပစ်လိုက်ရင်
န သောစတိ ___ စိုးရိမ်သောကမရှိတော့ပါ ၊
ဝိသမူလဿ ___ အရင်း အမြစ်မှာ အဆိပ်ရှိတဲ့
မဓုရဂ္ဂဿ _____ အဖျားမှာ ချိုမြိန်တဲ့
ကောဓ _______ အမျက်ဒေါသကို
ဝဓံ _________ ပယ်သတ်ပစ်လိုက်ခြင်းကို
အရိယာ _____ ဘုရားအစရှိတဲ့ သူတော်ကောင်းတွေက
ပသံသန္တိ _____ ချီးမွမ်းကြပါတယ် ။
တံ ဟိ _______ အဲ့ဒီ ဒေါသကိုပဲ
ဆေတွာ ______ ဖြတ်တောက်ပစ်လိုက်တဲ့အတွက်
န သောစတိ ___ စိုးရိမ်သောက မရှိတော့လို့ပါပဲ ။ ________ ။
ပါဠိတော်
______________
ကိံသု ဆေတွာ သုခံသေတိ ၊
ကိံသု ဆေတွာ န သောစတိ ။
ကိဿဿု ဧကဓမ္မဿ ၊
ဝဓံ ရောစေသိ ဂေါတမာတိ ။ ________ ။
ကောဓံ ဆေတွာ သုခံသေတိ ၊
ကောဓံ ဆေတွာ န သောစတိ ။
ကောဓဿ ဝိသမူလဿ ၊
မဓုရဂ္ဂဿ ဒေဝတေ ။
ဝဓံ အရိယာ ပသံသန္တိ ၊
တံ ဟိ ဆေတွာ န သောစတီတိ ။ _________ ။
#အဂ္ဂမာန်
စာကိုး -
သံယုတ္တနိကာယ် ၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်
ဒေဝတာသံယုတ် ၊ ဆေတွာဝဂ္ဂ ၊ ဆေတွာ သုတ္တ၊ ၃၈ ၊
ဆဋ္ဌမူ ။
ဘဒ္ဒန္တနိန္ဒယ - ပခုက္ကူမူ နိဿယသစ်
ပဋကတ်အနှစ်ချုပ် သံယုတ္တနိကာယ်
ဓမ္မာစရိယ ဦးမောင်မောင်လေး ။